K pop

■ ပရိသတ်တွေအကြောင်း တွေးမိရုံနဲ့ ငိုမိတယ်ဆိုတဲ့ Girls’ Generation အဖွဲ့ဝင်

— – – ပရိသတ်တွေနဲ့ တွေ့ရင် ခံစားချက်မျိုးစုံခံစားရပြီး သူတို့အကြောင်း တွေးမိရုံနဲ့ မျက်ရည်တွေ စီးကျလာတယ်ဆိုတဲ့ Girls’ Generation အဖွဲ့ဝင်က ….

K-pop ဒုတိယမျိုးဆက်ရဲ့ Queen တွေဖြစ်သလို၊ လက်ရှိအချိန်ထိ ပရိသတ်ချစ်ခင်အားပေးမှုတွေကို ရရှိနေဆဲဖြစ်တဲ့ Girls’ Generation အဖွဲ့ရဲ့ ပရိသတ်အပေါ်ထားရှိတဲ့ ချစ်ခြင်းက လက်ဖျားခါစရာပါ။

အထူးသဖြင့် Solo အဖြစ် အောင်မြင်စွာရပ်တည်နေတဲ့ Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon ဟာ ပရိသတ်တွေကို အရမ်းချစ်သူ၊ မြတ်နိုးတန်ဖိုးထားတတ်သူပါ။ အင်တာဗျူးတစ်ခုမှာ အင်တာဗျူးသမားက “မင်း အလုပ်ကြိုးစားနေတဲ့ တွန်အားက ဘာလဲ”လို့ မေးမြန်းခဲ့ပါတယ်။

“ကျွန်မရဲ့ ပရိသတ်တွေပါပဲ။ သေချာပါတယ်။ ဒါက ရှင်တို့အတွက် ထူးဆန်းကောင်း ထူးဆန်းနေပါလိမ့်မယ်။ သူတို့အကြောင်း တွေးမိရုံနဲ့တင် ကျွန်မ ငိုမိပါတယ်။ သူတို့အတွက် ကျွန်မရဲ့ ခံစားချက်က အရမ်းပြင်းထန်တယ်။ သူတို့အကြောင်းကို တွေးလိုက်တာနဲ့ သူတို့ကို ကျေးဇူးတင်တာရော၊ သူတို့ကို အားနာတာရော၊ ခံစားချက်တွေ မျိုးစုံပါပဲ။ ဒါကြောင့် သူတို့နဲ့ တွေ့ပြီဆိုရင် ကျွန်မဟာ အလိုလိုနေရင်း စကားမပြောမထွက်တဲ့သူတစ်ယောက်လို ဖြစ်သွားတတ်ပါတယ်”လို့ Taeyeon က ပြန်ဖြေခဲ့ပါတယ်။

Taeyeon ဟာ လူမှုကွန်ရက်ကို လုံးဝစိတ်မဝင်စားသူဖြစ်ပေမယ့် သူမကို စောင့်မျှော်နေတဲ့ ပရိသတ်တွေ၊ စိုးရိမ်နေတဲ့ ပရိသတ်တွေအတွက် Instagram ဖွင့်တာဖြစ်ပြီး အမြဲတမ်းလိုလိုလည်း Update တွေ လုပ်ပေးတတ်သူဖြစ်ပါတယ်။

Taeyeon နဲ့ သူမရဲ့ ပရိသတ်ကြား ချစ်ခြင်းတရားဟာ အလွန်လှပပြီး ပရိသတ်တွေကလည်း ဝိတ်တတ်နေရင်တောင် ချစ်တယ် TaeTae လို့ ပြောတတ်တဲ့အထိ Taeyeon အပေါ် နားလည်မှု ပေးနိုင်သူတွေ ဖြစ်ပါတယ်။

— ဃဲ
Ref: 1st Look

You cannot copy content of this page