K pop

■ အမျိုးသမီး Idol တွေ ထိုင်တဲ့အခါ ဘာလို့ တံဘက် အုပ်ထားကြသလဲ

— – – အင်တာဗျူးတွေ၊ ဆုပေးပွဲတွေမှာ အမျိုးသမီး Idol တွေ ထိုင်တဲ့အခါ တံဘက်လေးတွေ အုပ်ထားကြတာကို မြင်ဖူးကြမှာပါ …ဘာလို့လဲဆိုတော့ …

K-pop Idol တွေ ရိုက်ကူးရေးတွေ လုပ်တဲ့အခါပဲဖြစ်ဖြစ်၊ Variety Show တွေ၊ အင်တာဗျူး လုပ်တဲ့အခါမှာပဲ ဖြစ်ဖြစ် ထောင့်ပေါင်းစုံမှာ ကင်မရာပေါင်းမြောက်မြားစွာ ရှိနေတတ်ပါတယ်။

အဲဒီလိုအခါမျိုးမှာ အမျိုးသမီး K-pop တွေဟာ မတော်တဆ စကတ်လှန်တာမျိုး၊ ကင်မရာမှာ မြင်ဖို့မသင့်တော်တဲ့ အစိတ်အပိုင်းတွေ ပါသွားမှာ စိုးရိမ်တာတွေကြောင့် ထိုင်တဲ့အခါ သူတို့ရဲ့ အောက်ပိုင်းကို တံဘက်တွေ အုပ်ထားလေ့ရှိပါတယ်။

နောက်တစ်ချက်က အမျိုးသမီး Idol တွေဟာ စကတ်တို၊ ဘောင်းဘီတိုတွေကို အဓိကထား ဝတ်လေ့ရှိတာကြောင့် ဆောင်းရာသီလို ချမ်းအေးတဲ့အချိန်မျိုးမှာ အချမ်းဒဏ်ကို ကာကွယ်ဖို့အတွက်လည်း သူတို့ရဲ့ အောက်ပိုင်းတွေကို တံဘက်တွေနဲ့ ဖုံးအုပ်ထားလေ့ရှိပါတယ်။

တချို့ကတော့ အေးလည်း မအေးဘူး။ ဘောင်းဘီရှည်တွေ၊ စကတ်အရှည်တွေ ဝတ်ထားရင်တောင် သူတို့ရဲ့ အောက်ပိုင်းကို တစ်ခါတလေ တံဘက်တွေနဲ့ ဖုံးအုပ်ထားလေ့ရှိပါတယ်။ ဒါကတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကြောင့် ဖြစ်သလို၊ စကတ်တို၊ ဘောင်းဘီတို ဝတ်စဉ်က အကျင့်ပါနေတာကြောင့်လည်း ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page