K pop

■ ပွဲထွက်စတုန်းက Baekhyun ခံစားခဲ့ရတဲ့ အကြောက်တရား

— – – ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်က ရှက်တတ်သူမဟုတ်ပါဘူး။ ဒါပေမဲ့ …. ရှေ့သွားပြီဆိုရင် ကျွန်တော် …

EXO အဖွဲ့ဝင် Baekhyun ဟာ First Class Idol စာရင်းထဲကို သက်သက်သာသာ ဝင်နိုင်သူပါ။ ချိုမြတဲ့ အသံ၊ ဆွဲဆောင်မှုရှိတဲ့ အက၊ နှစ်လိုဖွယ် Personality ဒါတွေအားလုံးက Baekhyun ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ Baekhyun အနေနဲ့ ရုန်းကန်ခဲ့ရတာ တချို့လည်း ရှိနေပါတယ်။

iHeartRadio နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ EXO အဖွဲ့နဲ့ ပွဲထွက်စတုန်းက အကြောက်တရားတစ်ခုကြောင့် အခက်တွေ့ခဲ့ရတယ်လို့ Baekhyun ကိုယ်တိုင် ဝန်ခံခဲ့တာပါ။ ဓာတ်ပုံတွေ ရိုက်တဲ့အခါတိုင်း အကြောက်တရားတစ်ခုက သူ့ကို မသက်မသာဖြစ်စေတယ်လို့ Baekhyun က ဆိုပါတယ်။

“EXO အဖွဲ့နဲ့ ပွဲထွက်စတုန်းက Photoshot တွေ လုပ်ရင် တခြားအဖွဲ့ဝင်တွေက ဘောင်းဘီအိတ်ထဲ လက်လေးထည့်ပြီး သက်သက်သာသာပါပဲ။ သူတို့လိုသလို Pose တွေ ပေးကြတယ်။ သူတို့ကို ကြည့်ရင်း ကျွန်တော် ရှက်မိပါတယ်။ ကျွန်တော့်ရဲ့ personality က ဒီလိုမျိုး မဟုတ်ဘူးလေ။ ဒါပေမဲ့ အဲဒီတုန်းက အရမ်းထူးဆန်းတယ်လို့ ပြောရမယ်ထင်တယ်။ ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်က ရှက်တတ်သူမဟုတ်ပါဘူး။ ဒါပေမဲ့ ကင်မရာရှေ့ ရောက်ရင် ကျွန်တော် အလိုလိုကြောက်လာတယ်။ ဒီတော့ ဓာတ်ပုံရိုက်ရတာ အဆင်မပြေပါဘူး”လို့ Baekhyun က ဆိုပါတယ်။

ကင်မရာက Flash ထွက်လာတဲ့အခါ Baekhyun ဟာ အလိုလိုနေရင်း ကြောက်စိတ်ဝင်လာမျိုးဖြစ်ပြီး Pose ပေးရာမှာ အဆင်မပြေဖြစ်ခဲ့တဲ့ အပြင် ခံစားချက်ကို ထိန်းချုပ်ရာမှာလည်း အတော်လေး ခက်ခဲခဲ့ဟန် ရှိပါတယ်။

အခုအချိန်မှာတော့ Baekhyun က Photoshot တွေကို ယုံကြည်မှုအပြည့်နဲ့ လုပ်နိုင်ပြီဖြစ်ပေမယ့် တစ်ခါတလေ ကင်မရာရှေ့ ရောက်ရင် ကြောက်စိတ်ဝင်နေမိတုန်း ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page