— – – အနာဂတ်စီမံကိန်းက Song Ji Hyo က ဆွေးနွေးခဲ့ …
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ Song Ji Hyo ဟာ အသက် (၄၀) နား ကပ်လာပြီဖြစ်ပြီး အသက် (၄၀)ကနေ (၅၀) အတွင်း ပြုလုပ်ဖွယ်ရှိတဲ့ အနာဂတ်စီမံကိန်းတွေအကြောင်းကို ပြောပြခဲ့တာပါ။
Song Ji Hyo က “အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အသက်အရွယ်ကို ကျွန်မ ထည့်မစဉ်းချင်ဘူး။ အသက် (၄၀) ကျော်လာပြီဆိုရင် လုပ်နိုင်စွမ်းတွေက အရင်လို ကောင်းတော့မှာ မဟုတ်ပါဘူး။ အခု လက်ရှိအနေအထားကို ကျွန်မ ကျေနပ်တယ်။ ပျော်လည်း ပျော်တယ်။ အခုအချိန်မှာ အရင်တုန်းက မခံစားဖူးတာတွေကို ကျွန်မ ခံစားနိုင်စွမ်း ရှိနေတယ်။
အခုအချိန်မှာ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့တောင် ခက်ခဲနေတုန်းပါ။ ဒီတော့ တခြားတစ်ယောက်ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ လက်ရှိ ကျွန်မရဲ့ နေထိုင်မှုပုံစံနဲ့ ကျွန်မ အဆင်ပြေပါတယ်။ တစ်စုံတစ်ယောက်က ကျွန်မရဲ့ စိတ်ကို မပြောင်းလဲနိုင်တဲ့အချိန်အထိ ခွေးလေးတွေနဲ့ နေရတာကို ကျွန်မနှစ်သက်ပါတယ်”လို့ ဆိုပါတယ်။
Song Ji Hyo ဟာ နာမည်ကျော် Running Man Variety Show မှာ ပါဝင်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။ အဲဒီတစ်လျှောက် ခန္ဓာကိုယ်မှာ ဒဏ်ရာ ဒဏ်ချက်တွေ ရရှိခဲ့သလို၊ ပင်ပန်းမှုတွေ ရှိခဲ့တာကြောင့် အနာဂတ်မှာ Running Man ကို စွန့်ခွာနိုင်လားဆိုတဲ့ အကြောင်းနဲ့လည်း ပတ်သက်ပြီးလည်း ပြောပြခဲ့ပါတယ်။
“အခုထက်ထိတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ မစဉ်းစားရသေးပါဘူး။ အခု အသက် (၄၀) ထဲကို ဝင်လာပြီဆိုတော့ ဘာတွေ ဆက်ဖြစ်လာမလဲ ကျွန်မ သိချင်တယ်။ တကယ်လို့ Running Man မှာ မပါဝင်ဖြစ်တော့ဘူးဆိုရင်တောင် ကျွန်မအနေနဲ့ တစ်ခုခုကို ကြိုးကြိုးစားစားလုပ်ဆောင်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်”ဆိုပြီး Song Ji Hyo က ပြောဆိုခဲ့တာပါ။
— ဃဲ
Ref: Koreaboo