K pop

■ Anti BTS နဲ့ Anti EXO အကောင့်တွေကို Weibo ပိတ်ပင်

– – – Toxic ပရိသတ်တွေ မရှိစေရေးဆိုတဲ့ အကြောင်းပြချက်နဲ့ Weibo က…

တလောတုန်းက Yonhap News ရဲ့ ဖော်ပြချက်အရ Weibo ဟာ သူတို့ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းကနေ BTS နဲ့ EXO အဖွဲ့တို့ရဲ့အမာခံပရိသတ်အကောင့်တချို့ကို ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

မလျော်ကန်တဲ့ ထောက်ခံအားပေးမှု၊ အန္တရာယ်များတဲ့ Marketing ဆင်းမှု စတဲ့ အကြောင်းပြချက်တွေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အတွက ်ပိတ်ပင်ခဲ့တာဖြစ်ကြောင်း Weibo ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Weibo ဟာ ပရိသတ်တွေရဲ့ ကျန်းမာရေးကြောင့်လို့ ဆိုခဲ့ပြီး အနုပညာရှင်တွေကို တိုက်ခိုက်နေတဲ့ Anti Fan တွေရဲ့ အကောင့်ကို ပိတ်ပင်ခြင်းတွေကို ပြုလုပ်နေခဲ့တာပါ။ အမုန်းတရား ပွားများစေတဲ့ Post ပေါင်း (၂၃၀၇) ပို့စ်ကို Weibo က ဖျက်ချခဲ့ပြီး Anti Fan အကောင့် (၈၀) ကိုလည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

အဲဒီအထဲမှာ BTS ပရိသတ်အကောင့် (၈) ခုနဲ့ EXO ပရိသတ်အကောင့် (၂) ခုတို့ကိုလည်း ရက်ပေါင်း (၃၀) ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

-Ref: Koreaboo

You cannot copy content of this page