K pop

■ Ed Sheeran နဲ့ Justin Bieber ကိုကျော်ပြီး Spotify သမိုင်းမှာ ကမ္ဘာ့စံချိန်သစ် ရရှိခဲ့တဲ့ BTS

— – – နောက်ဆုံးထုတ် Single နဲ့ စံချိန်သစ် ရေးထိုးခဲ့တာပါ။

BTS အဖွဲ့ဟာ မေလ ၂၁ ရက်က Butter လို့ အမည်ရတဲ့ အင်္ဂလိပ် Single သီချင်းကို ထုတ်ဝေခဲ့ပါတယ်။

အဲဒီသီချင်းဟာ You Tube မှာ စံချိန်ပေါင်းများစွာ ရေးထိုးခဲ့ပြီး iTunes မှာလည်း ပထမ ၂၄ နာရီအတွင်း နိုင်ငံ ၁၀၀ ကျော်မှာ နံပါတ် ၁ ဖြစ်ခဲ့တာပါ။

အခု Butter က Spotify ရဲ့ သမိုင်းမှာပါ ပထမရက်အတွင်း နားဆင်မှု အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Spotify မှာ ပထမ ၂၄ နာရီအတွင်း BTS ရဲ့ Butter သီချင်းကို နားဆင်သူ (၁၁•၀၄)သန်း ရှိခဲ့ပြီး သမိုင်းတစ်လျှောက် အများဆုံး ဖြစ်ခဲ့တာပါ။

အရင်တုန်းက စံချိန်တင်ထားတာက Ed Sheeran နဲ့ Justin Bieber တို့ရဲ့ I don’t care သီချင်းဖြစ်ပြီး (၁၀•၉၇) သန်းဖြစ်ပါတယ်။

Ref: Soompi

You cannot copy content of this page