– – – K-Pop အဖွဲ့တွေထဲမှာ ဒီလိုမှတ်တမ်းမျိုး ပိုင်ဆိုင်တာ BLACKPINK အဖွဲ့တစ်ဖွဲ့ပဲ ရှိတာပါ။
မေလ ၂၂ ရက်နေ့ ကိုရီးယားစံတော်ချိန် 1:40 PM မှာ BLACKPINK အဖွဲ့ ၂၀၁၉ ထုတ် Hit သီချင်း Kill This Love ဟာ You Tube မှာ Views (၁.၃) ဘီလီယံ ကျော်သွားခဲ့ပါတယ်။
၂၀၁၉ ဧပြီ ၅ ရက်မှာ ထုတ်ဝေခဲ့တဲ့ အဲဒီသီချင်းဟာ ၂ နှစ် ၁ လနဲ့ ၁၇ ရက်အကြာမှာ You Tube Views (၁.၃)ဘီလီယံ ကျော်ခဲ့တာ ဖြစ်ပြီး K-Pop အဖွဲ့တွေမှာ အမြန်ဆုံး ဖြစ်ခဲ့ပါတယ်။
အရင်က You Tube Views (၁.၃)ဘီလီယံ အမြန်ဆုံးရအဖြစ် BLACKPINK အဖွဲ့ရဲ့ DDU-DU DDU-DU က ၂ နှစ်၊၂ လ၊ ၁၇ ရက်နဲ့ စံချိန်တင်ထားတာပါ။
ဒါပေမဲ့ K-Pop အဖွဲ့တွေထဲမှာ You Tube Views (၁.၃)ဘီလီယံနဲ့ အထက် MV (၂)ပုဒ် ပိုင်ဆိုင်တာ BLACKPINK အဖွဲ့တစ်ဖွဲ့သာ ရှိတာပါ။
K-Pop မှာဆိုရင်တော့ Psy ရဲ့ Gangnam Style နဲ့ Gentlemen တို့က အဲဒီလိုစံချိန်တွေကို ပိုင်ဆိုင်ထားပါတယ်။
Ref: Soompi