K pop

■ BLINK တွေကို ဒီလိုလှိမ့်လို့ ဘယ်ရမလဲ Jennie

– – -Jennie ဟာ Surprise အနေနဲ့ BLINK တွေကို လှိမ့်ဖို့ ကြိုးစားခဲ့တာလား ဆိုတာ….

SNSD အဖွဲ့ဝင်ဟောင်း Jessica ဟာ ပြီးခဲ့တဲ့လအတွင်း ကျင်းပခဲ့တဲ့ သူမရဲ့မွေးနေ့ပွဲကို Vlog ရိုက်ကူးကာ Youtube မှာ တင်ခဲ့ပါတယ်။

Jessica ရဲ့ Vlog ထဲမှာတော့ သူမရဲ့ အသက် (၃၂) နှစ်ပြည့် မွေးနေ့ပွဲကို ညီမဖြစ်သူ Krystal နဲ့ သူငယ်ချင်းတွေအပါအဝင် ရင်းနှီးသူတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ (၅) ရက်မြောက်နေ့မှာ ပါဝင်လာသူကတော့ သူမရဲ့ရုပ်ကို မဖော်ပြခဲ့ပါဘူး။

Vlog ထဲမှာ သူမကို Nini ကို နာမည်ပြောင် ပြောပြထားပြီး ဘယ်သူလဲဆိုတာ ထုတ်မပြောခဲ့ပါဘူး။ ဒါပေမဲ့ အသံကိုနားထောင်တာနဲ့ BLINK တွေဟာ Jennie ဆိုပြီး ယူဆခဲ့ကြပါတယ်။

တစ်နေရာအရောက်မှာ သူမဟာ မျက်လုံးတစ်ဖက်မှိတ်ပြခဲ့ရာမှာတော့ BLINK တွေဟာ ဒါဟာ Jennie ဖြစ်ကြောင်း ရာနှုန်းပြည့် အခိုင်အမာ ပြောခဲ့ကြပါတယ်။ ဒါကြောင့် ဒီ Vlog က BLINK တွေအတွက်တော့ ကြည်နူးဖြစခဲ့ရတယ်လို့ ဆိုရမှာပါ။

-Ref: Koreaboo

You cannot copy content of this page