– – -Tzuyu ဟာ အောက်ခြေဝန်ထမ်းတွေအတွက်ပါ စဉ်းစားပေးတတ်တဲ့ ဖြူစင်တဲ့မေတ္တာတရား…
TIME TO TWICE ရဲ့ အပိုင်းနှစ်မှာ TWICE အဖွဲ့ဝင်တွေက YES or NO ဂိမ်းကို ကစားခဲ့ကြပါတယ်။
အဲဒီအပိုင်းမှာ Tzuyu ဟာ သူမရဲ့ဖြူစင်တဲ့မေတ္တာတရားကို ပြသခဲ့ပါတယ်။ Yes or No ဂိမ်းဆိုတာ အဖွဲ့ဝင်တစ်ယောက်က မေးခွန်းကြိုရေးထားရပြီး အဲဒါက ဘာမေးခွန်းမှန်းမသိဘဲ ကျန်အဖွဲ့ဝင်တွေက Yes or No ဖြေကြားရတာပါ။
Tzuyu ဟာ သူ့အလှည်ရောက်တော့ မေးခွန်းတစ်ခုကို လျင်လျင်မြန်မြန်ပဲ ချရေးခဲ့ပြီးကျန်အဖွဲ့ဝင်တွေက Yes or No ကို ရွေးချယ်ဖြေခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာTzuyu ရေးထားတာက ဝန်ထမ်းတွေအတွက် သောက်စရာတစ်ခုခု ဝယ်ပေးမလားဆိုတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် Yes ဖြေထားတဲ့ အဖွဲ့ဝင်တွေက သောက်စရာ ဝယ်ပေးရမှာပါ။ Nayeon, Momo, Sana နဲ့ Mina တို့က Yes ကို ရွေးချယ်ထားပြီး သူတို့တွေက ပျော်ရွှင်ခဲ့ကြပါတယ်။ နောက်တော့ Tzuyu က သူလည်း ဝန်ထမ်းတွေအတွက် ဝယ်ပေးချင်တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။
Tzuyu ကတော့ စိတ်ထားဖြူစင်လွန်းလှတဲ့ နတ်သမီးလေးတစ်ပါးလို့သာ ဆိုရမှာပါ။
-Ref: Koreaboo