K pop

■ YouTube Premiere စံချိန်သစ်တင်ခဲ့ပြန်တဲ့ BTS

—- YouTube က BTS ရဲ့ Butter သီချင်းအနေနဲ့ YouTube Premiere စံချိန်အသစ်ကို စိုက်ထူလိုက် ပြန်ပြီလို့ ကြေညာခဲ့ပါတယ်။

BTS အဖွဲ့ရဲ့ Butter ဟာ မေလ 21 ရက်နေ့က စတင်ထုတ်လွှင့်တော့ YouTube Premiere Viewer 3.9သန်းကျော်ခဲ့တယ်လို့ YouTube က အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် Butter ဟာ YouTube Premiere သမိုင်းမှာ Viewer အမြင့်ဆုံး သီချင်းတစ်ပုဒ်လည်းဖြစ် လာခဲ့ပြီး အရင်က BTS ပဲတင်ထားတဲ့ Dynamite ရဲ့ Viewer စံချိန်ကို ချိုးဖြတ်နိုင်ခဲ့ပြီလည်းဖြစ်ပါ တယ်။

2020 ခုနှစ်က Dynamite ဟာ YouTube Premiere Viewer 3 သန်းကျော်နဲ့ စံချိန်စိုက်ထူထားတာ ဖြစ်ပါတယ်။ အခုအခါ BTS အဖွဲ့ဟာ YouTube Premiere သမိုင်းမှာ Viewer အမြင့်ဆုံး No.1 နဲ့ No.2 သီချင်းနှစ်ပုဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page