K pop

■ မေလ Idol Group Brand Reputation Rankings ထိပ်ဆုံးမှာ ဘယ်သူတွေလဲ

— မေလ Idol Group Brand Reputation Rankings ထိပ်ဆုံးမှာ ဘယ်သူတွေ ရပ်တည်ခဲ့သလဲဆိုတာ….

မေလအတွက် Idol Group Brand Reputation Rankings (30) Group စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပါပြီ။

မေလအတွက် Idol Group Brand Reputation Rankings (30) Group စာရင်းရဲ့ ထိပ်ဆုံး နံပါတ် (၁)နေရာမှာတော့ ပုံမှန်ထိပ်ဆုံးကပဲ ဦးဆောင်နေကြဖြစ်တဲ့ BTS အဖွဲ့က ရပ်တည် နိုင်ခဲ့ပြီး Reputation Index (12,309,891) ရရှိခဲ့ပါတယ်။

BTS ရဲ့နောက် နံပါတ် (၂) နေရာမှာတော့ အမျိုးသမီး K-pop Group Brave Girls က ရပ်တည် နိုင်ခဲ့ပြီး Reputation Index (4,894,908) ရရှိခဲ့ပါတယ်။ နံပါတ် (၃)နေရာမှာတော့ အမျိုးသမီး အဖွဲ့တစ်ဖွဲ့ပဲဖြစ်တဲ့ BLACKPINK က Reputation Index (3,447,439) ရရှိခဲ့ပြီး ရပ်တည်ခဲ့တာပါ။

Korean Business Research Institute ဟာ ဧပြီလ 23ရက်နေ့ကနေ မေလ23 ရက်နေ့ အထိ Idol Group တွေရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ မီဒီယာတွေရဲ့ဖော်ပြမှုတွေ၊ ဆိုရှယ်မီ ဒီယာမှာ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး တစ်လအတွင်း ပေါ်ပြူလာ အဖြစ်ဆုံး ဒီစာရင်း ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

မေလအတွက် Idol Group Brand Reputation Rankings (30) Group စာရင်း

1# BTS ၊ 2# Brave Girls ၊ 3# BLACKPINK ၊ 4# Oh My Girl ၊ 5# STAYC ၊ 6# Highlight ၊ 7# NCT ၊ 8# ITZY ၊ 9# SEVENTEEN ၊ 10# aespa

11# TWICE ၊ 12# EXO ၊ 13# Apink ၊ 14# BTOB ၊ 15# LABOUM ၊ 16# APRIL ၊ 17# THE BOYZ ၊ 18# Girls’ Generation ၊ 19# ASTRO ၊ 20# MAMAMOO

21# Stray Kids ၊ 22# NU’EST ၊ 23# SHINee ၊ 24# ENHYPEN ၊ 25# ATEEZ ၊ 26# Red Velvet ၊ 27# WJSN ၊ 28# HOT ISSUE ၊ 29# 2PM ၊ 30# TXT

-m2t
Ref: Soompi

You cannot copy content of this page