K pop

■ Billboard’s World Digital Song Sales Chart မှာ ပါဝင်ခဲ့ကြတဲ့ K-pop Debut သီချင်းနှစ်ပုဒ်

— ဒီ Rookie Artist တွေဟာ Debut လုပ်လုပ်ပြီးချင်းမှာပဲ အောင်မြင်မှုဘက်ကို အစပျိုးနေကြ…

အပတ်တိုင်း Billboard ဟာ World Digital Song Sales chart စာရင်းကို ဖော်ပြလေ့ရှိပြီး U.S မှာ တစ်ပတ်အတွင်း ရောင်းအားအမြင့်ဆုံးဖြစ်ခဲ့တဲ့ သီချင်းတွေဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာ K-pop ပေါ်ပြူလာဖြစ်မှုကို မြင့်တက်လာတာကြောင့် အပတ်တိုင်း World Digital Song Sales chart စာရင်းကို K-pop Song တွေပါဝင်လာခဲ့ပါတယ်။ ဒီတစ်ပတ်ရဲ့စာရင်းမှာတော့ အံ့ အားသင့်ဖွယ် Debut သီချင်းနှစ်ပုဒ်ပါဝင်လာခဲ့တာပါ။

SM Entertainment က စင်တင်တဲ့ aespa အဖွဲ့ရဲ့ “Black Mamba” သီချင်းနဲ့ High Up Entertainment က စင်တင်တဲ့ STAYC အဖွဲ့သစ်ရဲ့ “So Bad” သီချင်းတွေဖြစ်ပါတယ်။

aespa အဖွဲ့ဟာ Debut လုပ်လုပ်ချင်းမှာပဲ ပေါ်ပြူလာဖြစ်ခဲ့သလို 24 နာရီအတွင်း YouTube Views 21.4 သန်းနဲ့ Views အများဆုံး Debut Song အဖြစ် စံချိန်တင်ထားတာပါ။ လက်ရှိအချိန်မှာပဲ သီချင်း ရဲ့ YouTube Views သန်း (60)ပြည့်တော့မှာဖြစ်ပါတယ်။ aespa အဖွဲ့ရဲ့ “Black Mamba” သီချင်း ဟာ World Digital Song Sales chart မှာ #5 ချိတ်ခဲ့ပါတယ်။

သေးငယ်တဲ့အေဂျင်စီလေးက နိုဝင်ဘာလ 12 ရက်နေ့မှာ စင်တင်ခဲ့ပေမယ့် STAYC အဖွဲ့ဟာ World Digital Song Sales chart မှာ #12 ချိတ်ခဲ့သလို ပရိသတ်အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page