K pop

■ Jennie ရဲ့ အမာခံပရိသတ်ဖြစ်ပြီး ကလေးကိုတောင် Jennie လို့ အမည်ပြောင်ပေးထားတဲ့ Idol ဟောင်းတစ်ဦး

—- Jennie ဟာ Idol တွေရဲ့အချစ်ခံရတဲ့ Idol တစ်ဦးပါ…

After School အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Jung-ah ဟာ BLACKPINK အဖွဲ့ဝင် Jennie ရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်ပြီး သမီးဖြစ်သူကိုတောင် Jennie လို့ အမည်ပြောင်ပေးထားတာဖြစ်ပါတယ်။

မကြာသေးခင်က Jung-ah ဟာ ဒုတိယကိုယ်ဝန်ဆောင်ထားရတယ်လို့ ပရိသတ်တွေကို ကြေညာခဲ့ပြီး သမီးလေးဖြစ်တယ်လို့လည်း ထုတ်ဖော်ခဲ့ပါတယ်။

“ ကျွန်မရဲ့ ဒုတိယရင်သွေးလေးဟာ မိန်းကလေးလို့ ကျွန်မရဲ့ဒေါက်တာက ပြောပါတယ်။ ဒေါက်တာ ရဲ့ စကားကို ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် နောက်နေ့မှာပဲ သမီးလေးရဲ့ နာမည်ပြောင်ကို Jennie လို့ ကျွန်မ ခေါ်တွင်စေခဲ့ပါတယ်။ ဟုတ်ပါတယ်။ BLACKPINK အဖွဲ့ဝင် Jennie…Jennie ပါ။

Jennie က အရမ်းကို ချစ်စရာကောင်းပြီး လှတယ်ဆိုတာ အားလုံးသိပါတယ်။ ကျွန်မကိုယ်တိုင်က လည်း သူမရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်” လို့ Instagram မှာ Jung-ah က ရေးသားခဲ့သလို Jennie ရဲ့ အကောင့်ကိုလည်း Tag လုပ်ခဲ့ပါတယ်။

BLINK တွေကတော့ အဆိုပါ Jung-ah ရဲ့ ပို့စ်အောက်မှာ ကောင်းမွန်တဲ့မှတ်ချက်ရေးသားခဲ့ကြပါ တယ်။ Jung-ah ဟာ 2018 ခုနှစ် ဧပြီလက အမျိုးသားပရော်ဖက်ရှင်နယ်ဘက်စ်ကက်စ်ဘောသမား Jung Chang Young နဲ့လက်ထပ်ခဲ့ပြီး 2019 ခုနှစ်က သားဦးလေးကို မွေးခဲ့သလို အခုလည်း သမီး လေးကိုယ်ဝန်ကို ဆောင်ထားရတာဖြစ်ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page