K pop

■ ‘Butter’ MV မရိုက်ကူးခင် (၅)ရက်လုံးလုံး ရေပဲသောက်ခဲ့တဲ့ BTS အဖွဲ့ဝင်

—- ဒီ BTS အဖွဲ့ဝင်လေးရဲ့ ပရော်ဖက်ရှင်နယ်ကျမှုကို ARMY တွေချီးကျူး…

Jungkook ဟာ အစားအသောက်ကို ဘယ်လောက်ထိနှစ်သက်ပြီး အားရပါးရ စားသောက်တတ် တယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ အစားသောက်နှစ်သက်သူက နောက်ဆုံးထွက်ခဲ့တဲ့ ‘Butter’ MV မှာတော့ ပရော်ဖက်ရှင်နယ်ကျမှုကို သက်သေပြသွားခဲ့ပါတယ်။

Jungkook ဟာ ‘Butter’ MV မရိုက်ကူးခင်မှာ ရုပ်ပိုင်းဆိုင်ရာအကောင်းဆုံးအနေအထားဖြစ်စေဖို့ အစားအသောက်တွေရှောင်ပြီး ရေပဲသောက်နေခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Jungkook : ကျွန်တော် ‘Butter’ MV မရိုက်ကူးခင် (၅)ရက်အလိုမှာ အစားအသောက်တွေ မစား တော့ဘဲ ရေပဲသောက်နေခဲ့ပါတယ်။

J-Hope : ဒါကြောင့် မင်းရဲ့ မျက်နှာဟာ ဝဖောင်းဖောင်းလေးမဟုတ်တော့တာကိုး။

Jungkook : ကျွန်တော် တကယ်ကို ရေပဲသောက်နေခဲ့တာပါ။

V : ဝိုး…(၅)ရက်စလုံး ရေပဲသောက်နေခဲ့တယ်။

BTS အဖွဲ့ဝင်တွေရဲ့ Butter နဲ့ပတ်သက်ပြီး ပြင်ဆင်မှုအကြောင်းနဲ့ ပတ်သက်တဲ့အစီအစဉ်ထုတ်လွှင့်မှု မှာ Jungkook က ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ Jungkook ရဲ့ အဆိုပါ ပရော်ဖက်ရှင်နယ်ကျမှုကို ARMY တွေက ဂုဏ်ယူပြီး ချီးကျူးခဲ့ကြပေမယ့် နောက်တစ်ခါ ကျန်းမာရေးအတွက် အဲဒီလိုမျိုးမလုပ်ဖို့ ကိုလည်း မှတ်ချက်တွေပြုခဲ့ကြပါတယ်။

-m2t
Ref: Koreaboo

You cannot copy content of this page