Celebrity

■ နာမည်ပျောက်ပြီး Jeongyeon ရဲ့ အစ်မလို့ပဲ ခေါ်ခံရတဲ့အပေါ် Gong Seungyeon ဘယ်လိုခံစားရ သလဲ

—- K အနုပညာလောကမှာ သက်ဆိုင်ရာနယ်ပယ်တွေမှာ အောင်မြင်မှုရနေတဲ့ TWICE အဖွဲ့ဝင် Jeongyeon နဲ့ မင်းသမီး Gong Seungyeon တို့ဟာ ပရိသတ်တွေအကြားထင်ရှားတဲ့ နာမည်ကျော် အနုပညာညီအစ်မတွေပါ…

ဒါပေမဲ့ အစ်မဖြစ်သူ Gong Seungyeon အနေနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ကြိုးစားလျှောက် လှမ်းနေစဉ်မှာ ညီမဖြစ်သူ Jeongyeon က TWICE အဖွဲ့နဲ့နာမည်ကြီးနေခဲ့တာဖြစ်ပါတယ်။ မကြာ သေးခင်က မင်းသမီး Gong Seungyeon ဟာ အင်တာဗျူးပြုလုပ်ခဲ့ပြီး အင်တာဗျူးသူက နာမည် ပျောက်ပြီး Jeongyeon ရဲ့ အစ်မလို့ပဲ လူသိများတာနဲ့ပတ်သက်ကာ ဘယ်လိုခံစားရသလဲလို့ မေးခံခဲ့ ရပါတယ်။

Gong Seungyeon က “ ဒီလိုအခေါ်ခံရတဲ့ အခြေအနေက ခဏခဏပါပဲ။ အစကတော့ Jeongyeon ရဲ့ အစ်မလို့ ခေါ်ခံရတာကို ကျွန်မ သဘောကျပါတယ်။ ဘာလို့လည်းဆိုတော့ Jeongyeon ဟာ အလွန်ကြိုးစားပြီး ဒီလိုအောင်မြင်တဲ့နေရာတစ်နေရာရောက်ခဲ့လို့ ကျွန်မ ဂုဏ်ယူခဲ့ရတာပါ။ သူလိုပဲ ကျွန်မလည်း ကြိုးစားမယ်ဆိုပြီး အားအင်တောင်ရောက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း တစ်ခါတစ်လေတော့ လူထုမြင်ကွင်းကို သွားတိုင်း ပရိသတ်တွေက Jeongyeon အ ကြောင်းကိုပဲ မေးနေတော့ နည်းနည်းလေးတော့ ခါးတာပေါ့။ အခုအချိန်မှာတော့ ကျွန်မတို့ ညီအစ်မ နှစ်ဦးစလုံးဟာ နေရာတစ်ခုစီမှာ အောင်မြင်မှုတွေရနေပါပြီ။ အဲဒီ ခံစားမှုတွေကိုလည်း မေ့နေပါပြီ။

ဒါပေမဲ့ Jeongyeon ရဲ့ အစ်မဆိုတဲ့ ဂုဏ်ပုဒ်ကတော့ ဖျက်လို့ရမှာမဟုတ်ဘူးဆိုတာ ကျွန်မ ခံစားမိပါ တယ်။ ဒီအတွက် ကျွန်မ မနှစ်သက်ဖို့ အကြောင်းတရားလည်းမရှိတော့ပါဘူး” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page