K pop

■ ကန်ဒေါ်လာ (၆) ထောင်သုံးပြီး ခွဲစိတ်ခဲ့တဲ့ ကောင်မလေးက Lisa နဲ့တူသွားပြီလား ?

— – – Lisa နဲ့ တူချင်လွန်းလို့ ဒေါ်လာ (၆)ထောင်ကျော် ကုန်ကျခံ ခွဲစိတ်ခဲ့တဲ့ ကောင်မလေးအနေနဲ့ သူ့ရဲ့ ရည်မှန်းချက် …

World Star ဖြစ်တဲ့ BLACKPINK အဖွဲ့ရဲ့ အငယ်ဆုံးလေး Lisa ဟာ ကိုရီးယားမှာသာမက တစ်ကမ္ဘာလုံးမှာ လွှမ်းမိုးမှု ရှိသူပါ။

ဗီယက်နမ်သတင်းစာ YAN ကတော့ ဗီယက်နမ်ကောက်မလေး တစ်ယောက်ဟာ Lisa နဲ့ တူချင်လွန်းလို့ ကန်ဒေါ်လာ (၆၂၀၀) အသုံးပြုကာ ခွဲစိတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကောင်မလေးဟာ Lisa ကို အရူးအမူး နှစ်သက်သူဖြစ်ပြီး Lisa နဲ့တူဖို့ ခွဲစိတ်ခဲ့တာလို့ YAN က ဖော်ပြခဲ့ပါတယ်။

ဒေါ်လာ ၆ ထောင် အသုံးပြု ခွဲစိတ်ပြီးနောက်မှာတော့ အဲဒီကောင်မလေးဟာ သူ့ရဲ့ခွဲစိတ်ပြီးပုံကို Social Media မှာ တင်ခဲ့ပါတယ်။

ပုံကတော့ အပေါ်ကပုံပါ။ Lisa နဲ့ ချွတ်စွတ်မတူပေမဲ့ တူတဲ့အစိတ်အပိုင်းတွေလည်း ရှိပါတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: SB

You cannot copy content of this page