K pop

■ “ ကျွန်မရဲ့ နှလုံးသားမှာ အချစ်တွေအများကြီးရှိပါတယ်” – IU

— ပရိသတ်တွေရဲ့ အချစ်တော်လေး IU ဟာ GQ Korea ရဲ့ Woman of the Year အဖြစ် ရွေးချယ်ခံ ရပြီးနောက် မဂ္ဂဇင်းနဲ့ အင်တာဗျူးပြုလုပ်ခဲ့ကာ အဲဒီမှာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအကြောင်းတွေကို ပြောပြခဲ့ပါ တယ်။

GQ Korea အင်တာဗျူးမှာ IU ဟာ Self-Love နဲ့ ပတ်သက်ပြီးပြောခဲ့သလို သူရေးထားတဲ့ သီချင်း 54 ပုဒ်ရှိပြီလို့လည်း ပြောခဲ့ပါတယ်။

IU က “ ကျွန်မရဲ့ နှလုံးသားမှာ အချစ်တွေအများကြီးရှိပါတယ်။ ဟ..ဟ..ဟ.. ကျွန်မမှာ အချစ်တွေ အများကြီးရှိပါတယ်။ ရိုမန်တစ်ဆန်တဲ့အချစ်ကိုပြောတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုချစ်တဲ့အချစ်တွေ ပြောတာပါ။ ကျွန်မအနေနဲ့ အသက်(20)အရွယ် ကုန်ဆုံးခါနီးပြီးဆိုတော့ မိမိကိုယ်ကိုယ်ချစ်တတ်တာ နဲ့ မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့ဆိုတဲ့ နှစ်ခုကြားက ကွာခြားမှုကို နားလည်လာခဲ့ပါတယ်။

အရင်တုန်းကတော့ အဲဒီနှစ်ခုကို နားမလည်ဘဲ ရောထွေးနေခဲ့ပါတယ်။ ကျွန်မဟာ ကိုယ့်ကိုယ်ကို ချစ်လည်းချစ်တယ်၊ အားပေးတန်ဖိုးထားနေတာလည်း သိပေမယ့် ဘာကြောင့် ခံစားမှုချို့တဲ့နေတာ လည်းဆိုတာကို သိချင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မိမိကိုယ်ကိုယ်ချစ်တတ်တာ နဲ့ မိမိကိုယ်ကိုယ် တန်ဖိုးထား တတ်တဲ့ဆိုတဲ့ နှစ်ခုကြားက ကွာခြားမှုကို နားလည်လာခဲ့တာပါ။

ကိုယ့်ကိုယ်ကိုတော့ အရမ်းချစ်တယ်။ ဒါပေမဲ့ ခံစားမှုက ချိုတဲ့နေတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ပါစေ ကျွန်မကိုယ့်ကိုယ်ကို အရမ်းချစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် IU က သူပထမဆုံး Produce လုပ်ခဲ့တဲ့ သီချင်းမှာ ‘Knees’ ၊ ‘Heart’ ၊ ‘BBIBBI’ တို့ဖြစ်သလို သူမပါဝင်ရေးထားတဲ့ သီချင်းပေါင်း 54 ပုဒ်ရှိပြီလို့လည်း ပြောခဲ့ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page