Celebrity

■ Lee Seung Gi နဲ့ Lee Da In တွဲနေတယ်လို့ သတင်းထွက်

– – – ရိုက်ကွင်းမရှိချိန်တွေမှာ Lee Seung Gi က …

နာမည်ကျော် အဆိုတော်/မင်းသား Lee Seung Gi ဟာ မင်းသမီး Lee Da In နဲ့ တွဲနေတယ်လို့ ကိုရီးယားမီဒီယာတွေက မေလ ၂၄ ရက်မှာ ဖော်ပြခဲ့ကြပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်အရ အသက် (၃၅)နှစ်အရွယ် Lee Seung Gi ဟာ အသက်(၃၀) အရွယ် Lee Da In နဲ့ တွဲနေတာ တစ်နှစ်လောက် ရှိပြီလို့ ဆိုပါတယ်။

အတွင်းလူတွေရဲ့ ပြောဆိုမှုအရ Lee Seung Gi ဟာ Mouse ရိုက်ကွင်း မရှိချိန်မှာ မင်းသမီး Lee Da In ဆီကို သွားလည်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီသတင်းတွေကိုတော့ နှစ်ဖက်လုံးက အတည်ပြုခြင်း မရှိသေးပါဘူး။

Ref: AKP

You cannot copy content of this page