Celebrity

■ Lee Kwang Soo ရဲ့ ကြေကွဲစရာ Running Man နောက်ဆုံးရိုက်ကွင်း

– – – ဒီနေ့ ရိုက်ကူးတဲ့ Lee Kwang Soo ရဲ့ Running Man နောက်ဆုံး ရိုက်ကွင်းမှာ …

ဒီနေ့ (မေလ ၂၄ ရက်)မှာ Lee Kwang Soo ဟာ Running Man Cast Member အဖြစ် နောက်ဆုံးအနေနဲ့ ရိုက်ကူးခဲ့တယ်လို့ Running Man က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက Lee Kwang Soo ရဲ့ အေဂျင်စီက Lee Kwang Soo အနေနဲ့ ၂၀၂၀ မှာ ကား Accident ကြာင့် ရတဲ့ ဒဏ်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကြောင့် Running Man နဲ့ လမ်းခွဲမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

 

ဒီနေ့ Lee Kwang Soo ရဲ့ Running Man နောက်ဆုံးရိုက်ကွင်းမှာတော့ မိခင်ဖြစ်သူက သားဖြစ်သူကို မိုးပျံပူပေါင်းတွေနဲ့ အားပေးခဲ့ပါတယ်။

အဲဒီမိုးပျံပူးပေါင်းတွေနဲ့အတူ Lee Kwang Soo ရဲ့ မိခင်က “Great Work သားရေ” “Running Man နဲ့အတူ ၁၁ နှစ်တာ ဖြတ်သန်းခဲ့တာကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း အားပေးနေမှာပါ”လို့ ရေးသားထားပါတယ်။

အဲဒီစာသားတွေ၊ ၁၁ နှစ်တာ နောက်ဆုံးရိုက်ကွင်းကြောင့် Lee Kwang Soo တစ်ယောက် မျက်ရည်တွေ ဝေ့သီနေမလား၊ ငိုနေမလားတော့ ပုံတွေ မတက်သေးလို့ မပြောတတ်ပါဘူး။

Ref: Soompi

You cannot copy content of this page