K pop

■ V ကို Hidden Member အဖြစ် Bang Si Hyuk ဘာလို့ ထားခဲ့တာလဲ

– — V ဟာ BTS အဖွဲ့ပွဲမထွက်ခင်အထိ ရုပ်လုံးထွက်ပြခွင့် မရှိခဲ့ဘဲ….

V ဟာ BTS အဖွဲ့ ပွဲမထွက်ခင်အထိ ရုပ်လုံးထွက်ပြခွင့် မရခဲ့ဘဲ သိုသိုသိပ်သိပ်နေခဲ့ရတာပါ။

တခြားအဖွဲ့ဝင်တွေကလည်း Vlog တွေရိုက်ပြီး ပရိသတ်တွေကို မိတ်ဆက်နေနိုင်ပေမဲ့ V ကတော့ အဲဒီလိုလုပ်ခွင့်မရလို့ နာကျင်ခဲ့ရတဲ့အကြောင်း တစ်ခါက ဖွင့်ဟခဲ့ဖူးပါတယ်။

V ဟာ သူငယ်ချင်းဖြစ်သူ Audition ဝင်တာကို လိုက်သွားရင်းကနေတစ်ဆင့် Big Hit ဝန်ထမ်းတွေရဲ့ တိုက်တွန်းချက်အရ Audition ဝင်ခဲ့သူပါ။ Hidden Member အဖြစ် နေရတာ မလွယ်တဲ့အကြောင်း V က အခုလို ဖွင့်ဟခဲ့ပါတယ်။

“အဖွဲ့ဝင်တွေက ကိုယ်ပိုင်ဗီဒီယိုတွေရိုက်တင်နေချိန်မှာ ကျွန်တော်ကတော့ အဲဒီလိုလုပ်ခွင့် မရှိပါဘူး။ ဝမ်းနည်းစရာကောင်းပါတယ် ။ ကျွန်တော့်အနေနဲ့ သူတို့နောက်ကို လိုက်သွားပြီး တစ်ယောက်တည်း ကိုယ့်သာကိုယ် ဗီဒီယိုရိုက်သိမ်းကာ အွန်လိုင်းပေါ် တင်ခွင့်တော့ မရပါဘူ”လို့ V က ဖွင့်ဟခဲ့ပါတယ်။

V ကို ဘာဖြစ်လို့အဲဒီလို Hidden Member အဖြစ် ထားရှိရသလဲဆိုတာ Bang Si Hyuk က ထုတ်ဖော်ခဲ့ပါတယ်။ BTS အဖွဲ့ဟာ ပြီးပြည့်စုံဖို့ တစ်ခုခုလိုအပ်ခဲ့ကြောင်း၊ V ကို နောက်ဆုံးမှ ကြေညာတာက ပိုပြီး အကျိုးရှိမယ်လို့ ထင်မြင်ခဲ့ကြောင်း၊ ဒါက သွင်ပြင်လက္ခဏာကောင်းကို ပိုင်ဆိုင်ထားပြီး ဒါက အဖွဲ့ရဲ့ပုံရိပ်ကို ပိုမိုတက်စေနိုင်ကြောင်း Bang Si Hyuk က ဆိုခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page