Celebrity

■ TMIs က ထုတ်ပြန်တဲ့ K Cele ကမ္ဘာက ထူးခြားချက်များ

TMIs News ဟာ K Cele ကမ္ဘာက ပရိသတ်တွေသတိမထားမိတဲ့ ထူးခြားချက်တွေ၊ ထူးဆန်းတဲ့ အချက်အလက်တွေကို ထုတ်ပြန်လေ့ရှိတာပါ။

တစ်ခါတစ်လေ TMIs News ရဲ့ ထုတ်ပြန်တဲ့ ထူးခြားမှုတွေဟာ ပရိသတ်တွေကို အပန်းဖြေစေပြီး စိတ်ဝင်စားဖို့လည်းကောင်းတဲ့အချက်အလက်တွေဖြစ်ပါတယ်။ အရင်တုန်းက TMIs News ထုတ်ပြန် ထားတဲ့ Cele တွေရဲ့ ထူးခြားချက် အချက်အလက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

– မင်းသား Kim Soo Hyun ဟာ မွေးလာကတည်းက တွန့်လိမ်တဲ့ဆံပင်ရှိသူပါတယ်။
– EXO အဖွဲ့ခေါင်းဆောင် Suho ဟာ ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်ပါတယ်။
– Red Velvet အဖွဲ့ဝင် Wendy ဟာ ယုံကြည်ကိုးကွယ်မှုမရှိတဲ့ ဘာသာမဲ့ပါတဲ့။
– Parasite ရုပ်ရှင်မင်းသား Song Kang Ho ဟာ ဘူဆန်ကလာတဲ့မင်းသားဖြစ်ပေမယ့် ဘူဆန်ရဲ့ အထင်ကရ နာမည်ကြီးအစားအသောက်ဖြစ်တဲ့ ထမင်းရည်နဲ့ပြုတ်ထားတဲ့ ဝက်သားစွတ်ပြုတ်ကို မစားနိုင်သူဖြစ်ပါတယ်။
-BTS အဖွဲ့ဟာ ဆိုးလ်မြို့တော်ရဲ့သံတမန်ဖြစ်ပေမယ့် အဖွဲ့ဝင်အားလုံးက ဆိုးလ်မှာမွေးဖွားနေထိုင် သူတစ်ဦးမှမရှိပါဘူး။

-မင်းသား Choi Daniel ဟာ Korean SAT အရည်အချင်းစစ်စာမေးပွဲ သင်္ချာဘာသာရပ်မှာ အမှတ် (၅)မှတ်ပဲရပါတယ်။
– မင်းသား Park Sung Woong ဟာ ဥပဒေကျောင်းကို တက်ခဲ့သူဖြစ်ပါတယ်။
– မင်းသမီး Song Ji Hyo ဟာ မယုံနိုင်စရာကောင်းလောက်အောင် အရက်သောက်နိုင်သူဖြစ်ပါသတဲ့။
-Block B အဖွဲ့ဝင် Zico ဟာ အရက်လည်းမကြိုက်သလို ဆေးလိပ်လည်းမသောက်ပါဘူး။ ဒါပေမဲ့ Samsung Galaxy ကိုတော့ အသုံးပြုပါတယ်တဲ့။

-မင်းသမီး Kim Da Mi ရဲ့ အရပ်အမြင့်ဟာ 170 CM ပဲရှိပါသတဲ့။
-မင်းသားကြီး Kim Gook Jin ဟာ မျက်မှန်တပ်ပေမယ့် ပါဝါတော့မရှိပါဘူး။
-G-Dragon ဟာ SM မှာ (၅)နှစ် Training ဆင်းခဲ့တာကိုတော့ အားလုံးသိကြပါတယ်။
-မင်းသားချော Choi Woo Sik ဟာ ကနေဒါနိုင်ငံသားဖြစ်သလို တောင်ကိုရီးယားနိုင်ငံသားလည်းဖြစ် ပါတယ်။

-မင်းသားကြီး Sung Dong Il ဟာ Jeolla ပြည်နယ်က လာတာမဟုတ်ဘဲ Incheon က လာတာပါတဲ့။
-Kang Ha Neul ဟာ Samsung ဖုန်းကြော်ငြာပေးမယ့် iPhone ပဲအသုံးပြုသူပါ။
-Yunho ဟာ သူ့ရဲ့ကိုယ်ပိုင်အမည် U-Know Yunho ကနေပဲဆင်းသက်လာတာပါတဲ့။
-မင်းသား Jo Jung Seok ဟာ မိသားစုမှာအငယ်ဆုံးဖြစ်ပြီး သူ့ထက်ကြီးတဲ့ မောင်နှစ်မနှစ်ဦးရှိပါ တယ်။ သူတို့တွေဟာ Jo Jung Seok ထက် အနည်းဆုံး (၁၅)နှစ်ကြီးပါသတဲ့။

-m2t
Ref: Allkpop

You cannot copy content of this page