K pop

■ ELLE မှာ Bangs နဲ့ မြင်တွေ့ရမယ် Jisoo

– – – Bangs နဲ့ Lisa၊ Lisa နဲ့ Bangs က တွဲမြင်ရတဲ့အရာဖြစ်ပြီး အခု Jisoo နဲ့ Bangs ကို တွဲမြင်လိုက်ရချိန်မှာတော့ …

ELLE Hong Kong ဟာ ဇွန်လထုတ်ဝေမယ့် သူတို့ရဲ့ မဂ္ဂဇင်းက Cover Story ဖြစ်တဲ့ BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ ပုံရိပ်တွေကို ထုတ်ပြခဲ့တာပါ။

အဲဒီဓာတ်ပုံတွေမှာ Jisoo ကို မြင်နေကျမဟုတ်ဘဲ Bangs (ရှေ့ဆံမြစ်ချခြင်း)နဲ့ မြင်တွေ့တာ ဖြစ်ပါတယ်။

ELLE Hong Kong က ဓာတ်ပုံတွေကို ဝေမျှပြီး သိပ်မကြာခင်မှာပဲ Bangs နဲ့ Jisoo ရဲ့ ပုံရိပ်တွေဟာ ကိုရီးယား Fan’s Community တွေမှာ Trend ဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေက Bangs နဲ့ Jisoo ရဲ့ အလှကို ချီးကျူးခဲ့ကြပြီး အရမ်းမိုက်နေတယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

Ref: AKP

You cannot copy content of this page