– – – ဒါမျိုး အရင်ကလည်း အခုလည်း BLACKPINK ကလွဲပြီး မရှိဘူး။
K-Pop မှာ နာမည်ကျော်အဖွဲ့တောင် MV တစ်ပုဒ်ကို You Tube Views သန်း (၆၀၀) ကျော် သန်း (၇၀၀) ရဖို့ဆိုတာ အရမ်းခက်ပါတယ်။
ဒါပေမဲ့ BLACKPINK အတွက်တော့ အဲဒီအရာက လွယ်ကူသလို ဖြစ်နေသလား။ ဘာလို့လဲဆိုတော့ MV မဟုတ်တဲ့ BLACKPINK ရဲ့ Dance Performance Video က သန်း (၇၀၀) ကျော်သွားလို့ပါပဲ။
မေလ (၂၄)ရက် ကိုရီးယားစံတော်ချိန် နံနက် (၇)နာရီမှာ BLACKPINK အဖွဲ့ရဲ့ Mega Hit သီချင်း How You Like That Dance Performance Video က You Tube မှာ Views သန်း (၇၀၀) ကျော်သွားခဲ့ပါတယ်။
၂၀၂၀ ဇူလိုင် (၆)ရက်က ထုတ်လွှင့်ခဲ့တဲ့ How You Like That Dance Performance Video ဟာ (၃၂၃)ရက်(တစ်နှစ်မပြည့်ခင်)မှာပဲ You Tube Views သန်း (၇၀၀) ကျော်ခဲ့တာပါ။
ဒါဟာ K-Pop မှာ အရင်မရှိဖူးသလို အခုထိလည်း ဘယ်သူမှ မတက်လှမ်းနိုင်သေးတဲ့ BLACKPINK အဖွဲ့သာလျှင် ပိုင်ဆိုင်တဲ့ အမြန်ဆုံး၊ ပထမဆုံးနဲ့ တစ်ခုတည်းသော Dance Performance Video ဖြစ်ပါတယ်။
Ref: AKP