K pop

■ ကမ္ဘာပေါ်မှာ အလုံး(၂၀)သာရှိတဲ့ ထိုင်ခုံ၊ တစ်လုံးက G-Dragon အိမ်မှာ

– – – GD clearly doesn’t have a shortage of money တဲ့။

Koreaboo ကတော့ အဲလိုဆိုပါတယ်။ G-Dragon အတွက် ငွေမရှားတာ ရှင်းပါတယ်ဆိုတဲ့ သဘော။

အဲလေ ဟုတ်မှာပေါ့။ တစ်ကမ္ဘာလုံးမှာ အလုံး (၂၀)သာ ရှိတဲ့ ထိုင်ခုံတစ်လုံးကို King of K-Pop က ပိုင်ဆိုင်ထားတာကို။

KBS ရဲ့ Entertainment Weekly မှာ တန်ဖိုးအကြီးဆုံး ဇိမ်ခံပစ္စည်းပိုင်ဆိုင်တဲ့ Cele စာရင်းကို ထုတ်ပြန်ခဲ့ပြီး GD က ထိပ်ဆုံးပိုင်းမှာ ပါဝင်ခဲ့တာပါ။

များပြားလှတဲ့ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေထဲမှာ ပရိသတ်တွေကတော့ တစ်ယောက်ထိုင်ထိုင်ခုံတစ်လုံးရဲ့ တန်ဖိုးကို ကြည့်ပြီး ဆွံ့အသွားကြတာပါ။

အပေါ်ကထိုင်ခုံရဲ့ တန်ဖိုးက ဝမ်(၁.၁)ဘီလီယံ(ကန်ဒေါ်လာ ၁ သန်း) ပါတဲ့။ အဲဒီထိုင်ခုံက Limited Edition ဖြစ်ပြီး အလုံး (၂၀) ထုတ်လုပ်ကာ တစ်လုံးက G-Dragon ပိုင်ဆိုင်ထားတာပါ။

လက်ရှိမှာ ၂၀၁၈ နောက်ပိုင်းက သီချင်းထုတ်ခြင်း မရှိသေးဘဲ G-Dragon က တစ်နှစ်တစ်နှစ်ကို ဒေါ်လာသန်းချီရတဲ့ Copyright ကြေးနဲ့တင် တစ်သက်ထိုင်စားလို့ ရနေသလို၊ ဖက်ရှင်ပစ္စည်းထုတ်လုပ်ရောင်းချမှု၊ Endorsement တွေကနေ ဝင်ငွေ သောက်သောက်လဲ ရရှိနေတာပါ။

Ref: KB

You cannot copy content of this page