K pop

■ G-Dragon အိမ်က ပရိဘောဂဖိုးနဲ့ဆို ဆိုးလ်မှာ …

— – – ပရိဘောဂဖိုးတွေ ကြည့်ရင် အမယ်လေး ငါ သွေးတက် ဆိုပြီး ဖြစ်သွားမှာပါ။

G-Dragon ရဲ့ ကိုယ်ပိုင်လေးကတော့ တန်ဖိုးမြင့်အရာတွေနဲ့ ပြည့်နှက်နေတာပါ။ သူ့အိမ်မှာ ရှိတဲ့ ပရ်ဘောဂဖိုးနဲ့ဆိုရင် ဈေးကြီးလှပါတယ်ဆိုတဲ့ ဆိုးလ်မှာ တိုက်ခန်း ၃ ခန်းလောက် အသာလေး ဝယ်နိုင်ပါသတဲ့။

KBS ရဲ့ Entertainment Weekly က တန်ဖိုးမြင့် ဇိမ်ခံပစ္စည်းတွေ ပိုင်ဆိုင်တဲ့ Cele တွေကို ဖော်ပြခဲ့ရာမှာ King of K-Pop က ထိပ်ဆုံးပိုင်းက ပါဝင်ခဲ့တာပါ။

GD ရဲ့ အိမ်က ထမင်းစားပွဲဟာ ဝမ်သန်း (၄၀) (ကန်ဒေါ်လာ ၃ သောင်းခွဲကျော်)ကစပြီး ဝမ် (၁.၁)ဘီလီယံ (ကန်ဒေါ်လာ ၁ သန်း)နီးပါး တန်ကြေးရှိတဲ့ ထိုင်ခုံပါ ရှိနေတာပါ။

ဒါ့အပြင် ပန်းချီကားတွေနဲ့ စီခြယ်ထားတဲ့ GD ရဲ့ အိမ်က ပန်းချီကားတွေရဲ့ တန်ဖိုးဟာ ဝမ် (၄)ဘီလီယံနီးပါး(ကန်ဒေါ်လာ ၃.၃ သန်းနီးပါး) ရှိနေတာပါ။

ပန်းချီကားတွေထဲမှာ GD ကိုယ်တိုင်ဆွဲထားတာတွေ ပါသလို၊ နာမည်ကျော် ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေလည်း အမြောက်အမြား ရှိနေတယ်လို့ သိရပါတယ်။

Ref: AKP

You cannot copy content of this page