K pop

■ ပွဲထွက်ပြီး (၆)လအတွင်း aespa အဖွဲ့ဝင်တွေ ဖုန်းအသုံးပြုခွင့် ပြန်ရ

– – -aespa အဖွဲ့ဟာ အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး…

K-pop နယ်ပယ်မှာ တက်သစ်စ Idol တွေကို ဖုန်းအသုံးပြုမှု ပိတ်ပင်တာတာတွေ လုပ်လေ့ရှိတာ ဖြစ်ပါတယ်။

တက်သစ်စ Idol အနေနဲ့ မလိုလားမုန်းမှတ်ချက်တွေရန်ကနေ ရှောင်ဖယ်နိုင်ဖို့ ဒါက အကောင်းဆုံးနည်းလမ်းတစ်ခုလို့လည်း ယူဆလျက် ရှိနေတာပါ။တလောတုန်းက ရေဒီယီုရှိုး အစီအစဉ်တစ်ခုမှာ aespa အဖွဲ့ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး Next Level အတွက် ပရိုမိုးရှင်း ပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာ အစီအစဉ်တင်ဆက်သူ Kim Shin Young က (၆) လအတွင်း ဘာတွပြောင်းလဲသွားသလို့ အမေးခံခဲ့ရပါတယ်။ ဒီမေးခွန်းကို Winter က ပြန်ဖြေခဲ့ပြီး သူမတို့အနေနဲ့ ထွေထွေထူးထူး ပြောင်းလဲသွားတာ မရှိပေမဲ့ ဖုန်းအသုံးပြုခွင့် ပြန်ရပြီလို့ ဆိုခဲ့ပါတယ်။

NingNing က သူမတို့အနေနဲ့ ကုမ္ပဏီဆီကနေ များစွာ မမျှော်လင့်ထားကြောင်း၊ တက်သစ်စအနေနဲ့ ကြိုးစားရဦးမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page