K pop

■ အသက် 30 ပြည့်ရင် သရုပ်ဆောင်ပြန်လုပ်မယ်ဆိုတဲ့ V အပေါ် K Netizen တွေ ဘယ်လိုမြင်သလဲ

— အသက် 30 ပြည့်ရင် သရုပ်ဆောင်ပြန်လုပ်မယ်လို့ V က ရည်ရွယ်ထား…

လက်ရှိအချိန်မှာ ကမ္ဘာအနှံ့အားပေးမှုတွေရရှိနေပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ BTS အဖွဲ့ဝင် V ဟာ အဆိုတော်တစ်ဦးအနေနဲ့ အချိန်ဇယားတွေနဲ့ပြည့်နှက်ကာ အလုပ်တွေရှုပ်နေတာဖြစ်ပါတယ်။

BTS အဖွဲ့ဝင် V ကို ရုပ်ရှင်နဲ့ ဒရာမာ ရင်းနှီးမြုပ်နှံသူတွေက ဈေးကြီးပေးပြီး သရုပ်ဆောင်ဖို့ ကမ်းလှမ်း မှုတွေ အများကြီးရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ရင်းနှီးမြုပ်နှံသူတွေဟာ V ကို K ဒရာမာနဲ့ ရုပ်ရှင်လောကမှာ သရုပ်ကြေးအမြင့်ဆုံးနဲ့ ကမ်းလှမ်းခဲ့တယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ V ဟာ BTS အဖွဲ့ဝင်တစ်ဦးအနေနဲ့သာ အာရုံစိုက်လိုတာကြောင့် သရုပ်ဆောင်ဘက်ကို ပြန်မ လှည့်သေးတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Rolling Stone နဲ့ အင်တာဗျူးမှာတော့ အသက် 30 ပြည့်ရင် သရုပ်ဆောင်ဘက်ကို ပြန်လှည့်ဖို့ စဉ်းစားထားတယ်လို့ ပြောခဲ့တာကြောင့် ပရိသတ်တွေက ဝမ်းသာခဲ့ ကြပါတယ်။ K Netizen တွေဟာ V ရဲ့ သရုပ်ဆောင်မှုတွေကို အမြန်ဆုံးတွေ့ချင်ပြီလို့လည်း မှတ်ချက် တွေပြုခဲ့ကြပါတယ်။

“ Taehyung ဟာ Actor Vibe ရှိသူပါ။ သူနဲ့ လိုက်ဖက်မှာပါ”

“ သရုပ်ဆောင်အနေနဲ့လည်း V အောင်မြင်မှာသေချာပါတယ်”

“ Taehyung ရဲ့ မျက်နှာဟာ ကင်မရာအရှေ့မှာ တစ်နာရီလောက်ရှိနေရင်တောင် ဒါက ရုပ်ရှင်တစ်ခုပါပဲ”

“ Taehyung ရဲ့ သရုပ်ဆောင်မှုတွေကို အရမ်းကိုမျှော်လင့်နေပြီ”

စတဲ့ မှတ်ချက်အချို့ကို K Netizen တွေ မှတ်ချက်ပြုခဲ့ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page