– – – EXO-L တွေ သိချင်နေတဲ့ အဲဒီမေးခွန်းအတွက် အဖြေကတော့ …
EXO အဖွဲ့ရဲ့ ဇွန် (၇)ရက်မှာ ထုတ်ဝေမယ့် Special Album Don’t fight the feeling မှာ Lay ပါဝင်မှာလား ဆိုတဲ့ မေးခွန်းတွေက EXO-L တွေအကြား ဆူညံနေပါတယ်။
တရုတ်အနုပညာရှင် Lay ဟာ EXO အဖွဲ့ရဲ့ Don’t Mess Up My Tempo မှာ ပါဝင်ပြီးနောက် တရုတ်မှာပဲ တစ်ကိုယ်တော် လှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။
အခု တရုတ်က Lay ရဲ့ ပရိသတ်တွေက EXO အဖွဲ့ရဲ့ Don’t fight th feeling မှာ Lay ပါဝင်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
ဒါပေမဲ့ အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ SM ကရော Lay ရဲ့ အေဂျင်စီက ထုတ်ပြန်ခြင်း မရှိသေးတာကြောင့် EXO အဖွဲ့ရဲ့ Teaser တွေကို စောင့်ကြည့်ရဦးမှာပါ။
EXO အဖွဲ့ရဲ့ တစ်နှစ်ကျော်အကြာမှာ ထုတ်ဝေမယ့် Special Album Don’t fight the feeling ကို လာမယ့် ဇွန်လ (၇)ရက် ကိုရီယယားစံတော်ချိန် ညနေ (၆)နာရီမှာ full Album ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
Ref: KPSZ