— – – Lisa ရဲ့ Solo Debut ကို စောင့်မျှော်နေသူအတွက် သတင်းကောင်း …
BLACKPINK အဖွဲ့ဝင် Lisa က Vogue Korea နဲ့ အင်တာဗျူးမှာ သူ့ရဲ့ Solo Debut နဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
BLACKPINK အဖွဲ့မှာ Jennie, Rośe တို့ Solo ထွက်ပြီးနောက် YG ရဲ့ ထုတ်ပြန်ချက်အရ Lisa နဲ့ Jisoo တို့ရဲ့ Solo တွေ ထွက်လာမှာ ဖြစ်ပါတယ်။
Lisa က “ကျွန်မရဲ့ Solo Album က သိပ်မကြာခင် လာမှာပါ။ ကျွန်မရဲ့ ပွဲထွက် Album ဖြစ်တာကြောင့် အသစ်တွေ ပြနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားနေပါတယ်။ ကျွန်မအနေနဲ့ ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေ ဂီတ၊ စတိုင်လ်သစ်တွေနဲ့ ပြန်လည်ပေးဆပ်သွားမှာဖြစ်လို့ စောင့်မျှော်ပေးကြဖို့ တောင်းဆိုပါတယ်”လို့ Vogue Korea သို့ ပြောကြားခဲ့ပါတယ်။
Lisa ရဲ့ Solo Debut ကို ဇူလိုင်မှာ မြင်တွေ့ရမယ်လို့ ခန့်မှန်းနေကြပြီး ကမ္ဘာကျော် အဆိုတော် Kalid ကလည်း Lisa နဲ့ သီချင်းတစ်ပုဒ် လုပ်ထားတယ်လို့ ဆိုပါတယ်။
Ref: WMA