– – – သူ့ရဲ့ တောင်းပန်မှုက ပရိသတ်တွေအတွက်တော့ …
ချစ်ရာကောင်းတဲ့ ပရိသတ်တစ်ယောက်ဟာ K-Pop Idol တွေ ဝတ်မယ့် ဘောင်းဘီနဲ့ပတ်သက်လို့ Twitter မှာ ခန့်မှန်းခဲ့တာပါ။ သူက မေလ ၁၄ ရက်မှာ LEJE ကထုတ်တဲ့ Jean ဘောင်းဘီပုံကို Share က Comeback မှာ တစ်ယောက်ယောက်တော့ ဝတ်လိမ့်မယ်လို့ ရေးသားခဲ့ပါတယ်။
မေလ ၂၄ ရက်မှာတော့ EXO အဖွဲ့က သူတို့ရဲ့ Special Album အတွက် D.O. ရဲ့ Teaser ပုံကို ထုတ်ပြန်တဲ့အခါ D.O. ဟာ အပေါ်က ပရိသတ်ခန့်မှန်းတဲ့ ဘောင်းဘီကို ဝတ်ဆင်ထားတာပါ။
ဒီတော့ LEJE ဘောင်းဘီကို ဝတ်မယ်လို့ ခန့်မှန်းခဲ့တဲ့ K-Pop Idol က EXO အဖွဲ့ဝင် D.O. ဖြစ်နေခဲ့တာပါ။
အဲဒီနောက်မှာတော့ ခန့်မှန်းခဲ့တဲ့ ပရိသတ်က သူ့ ခန့်မှန်းချက်၊ D.O. ရဲ့ ပုံတွေကို တင်တာ “နိုး ငါ တောင်းပန်ပါတယ် Kyunsoo” ဆိုပြီး ရေးသားခဲ့ပါတယ်။
ဆက်ပြီးတော့ သူက D.O. ရဲ့ ဘောင်ဘီ ဖြဲထားတဲ့ အပေါက်တွေမှာ ဒေါ်လာ ညှပ်ထားတဲ့ Photoshop ပုံစံ ပြုလုပ်ခဲ့ပြီး အောက်ပိုင်း အအေး မမိအောင်လို့ ရေးသားခဲ့ပါတယ်။
အဲဒါတွေ မြင်ပြီးနောက်မှာတော့ K Netizens တွေက သူ့ရဲ့ ကြံရည်ဖန်ရည် ရှိမှုကို သဘောကျခဲ့ပြီး ရယ်မောခဲ့ကြပါတယ်။
Ref: AKP