K pop

■ တချို့ကောလဟလတွေကို ရှောင်ရှားပြီး Lee Seung Gi နဲ့ Lee Da In တို့ကို နွေးထွေးစွာ အားပေးဖို့ Human Made တောင်းဆို

– – – Lee Seung Gi ရဲ့ အေဂျင်စီ က Lee Seung Gi နဲ့ Lee Da In တို့ရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး…

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့တဲ့ Lee Seung Gi နဲ့ Lee Da In တို့ တွဲနေပြီဆိုတဲ့သတင်းဟာ ကိုရီးယားနယ်ပယ်မှာ စိတ်ဝင်စားမှု မြင့်တက်စေခဲ့ပါတယ်။

ဒီသတင်းကို Lee Da In ရဲ့ အေဂျင်စီကသာ အတည်ပြုခဲ့ပြီး Lee Da In ကို မေးမြန်းပြီးနောက်မှာ သူတို့နှစ်ယောက်တွဲနေတာ ဟုတ်မှန်ကြောင်း၊ သူတို့ဟာ ဒီနယ်ပယ်ထဲမှာ စီနီယာ-ဂျူနီယာ ဆက်ဆံရေးအဖြစ် စတင်ဆုံတွေ့ခဲ့ပြီး ခံစားချက်တွေ ပြောင်းလဲလာတာ (၅)လ၊ (၆) လလောက်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာပါ။

အခုအခါမှာတော့ Lee Seung Gi ရဲ့အေဂျင်စီကပါ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ Human Made ရဲ့ ထုတ်ပြန်မှုမှာ သူတို့နှစ်ယောက်ဟာ ခံစားချက်တွေတစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာခဲ့ကြောင်း၊ မလိုအပ်တဲ့ ကောလဟာလတွေကို ရှောင်ရှားပြီး နွေးထွေးစွာ ဆက်ဆံပေးစေလိုကြောင်း ပါရှိပါတယ်။

“ဒါကတော့ သရုပ်ဆောင်နဲ့ အဆိုတော် Lee Seung Gi ရဲ့အေဂျင်စီအသစ် Human Made ပါ။ ပထမဆုံး ကျွန်တော်တို့ ထုတ်ပြန်မှု နောက်ကျတဲ့အတွက် တောင်းပန်လိုပါတယ်။ လတ်တလောမှာ သတင်းတွေထွက်ပေါ်နေသလို Lee Seung Gi နဲ့ Lee Da In တို့ဟာ ခံစားချက်ကောင်းမွန်နေပြီး တစ်ယောက်နဲ့တစ်ယောက်လည်း တဖြည်းဖြည်း နားလည်လာနေပါတယ်။

သို့သော်ငြားလည်း ခန့်မှန်းမှုတွေနဲ့ မလိုလားအပ်တဲ့ ကောလဟာလတွေကို ရှောင်ကြဉ်ပေးကြဖို့ တောင်းဆိုလိုပါတယ်။ သူတို့နှစ်ယောက်ကို ဆွေးနွေးစွာ အားပေးကြဖို့ မျှော်လင့်ပါတယ်”လို့ Human Made ကထုတ်ပြန်ခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page