K pop

■ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်လို့ သတ်မှတ်ခံထားရတဲ့ နာမည်ကျော် ကိုရီးယားအနုပညာရှင်များ

– – -ဒီ အနုပညာရှင်တွေဟာ လူချစ်လူခင် ပေါများသူတွေအဖြစ်…

Han Ji Min

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Han Ji Min ဟာ ဒီနယ်ပယ်ထဲ ဖြတ်သန်းလာတာ ဆယ်စုနှစ် (၂) ခုကျော်လာတာနဲ့အမျှ လူသိများသူပါ။ သူမရဲ့ ပေါင်းသင်းဆက်ဆံမှု အရည်အချင်းက ကောင်းမွန်လွန်းပြီး လွန်ခဲ့တဲ့ (၁၂) နှစ်ကျော်က လက်တွဲခဲ့တဲ့ ကင်မရာမန်းကိုတောင် မှတ်မိပါတယ်တဲ့။

Yeri (Red Velvet)

Yeri ကလည်း ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုကြောင့် လူချစ်လူခင် ပေါများသူတစ်ယောက်ပါ။ သူမမှာ ရင်းနှီးတဲ့ သူငယ်ချင်း Idol များစွာရှိပြီး နာမည်ကျော်တွေထဲကဆိုရင် TWICE‘s Nayeon, BLACKPINK’sJennie, AKMU‘s Suhyun, Super Junior‘s Heechul, မင်းသမီး Kim Saeron တို့ရဲ့ ရင်းနှီးသူပါ။

Son Ye Jin

ပရိသတ်တွေအားလုံး ချစ်ခင်ကြတဲ့ Son Ye Jin ကလည်း ပေါင်းသင်းဆက်ဆံရေးကောင်းသူ ဖြစ်ပါတယ်။ သူမရဲ့ ပေါင်းသင်းဆက်ဆံမှုအရည်အချင်းက အမြဲလိုလို ချီးကျူးခံနေရပြီး Gong Hyo Jin, Kim Hye Soo, Kim Min Jung,Girls’ Generation‘s Yoona တို့နဲ့ ရင်းနှီးပါတယ်။

Lee Jong Suk

Le Jong Suk ကလည်း ဖော်ရွေတတ်သူတစ်ဦးဖြစ်ပြီး ဆက်ဆံရေးကောင်းမွန်သူပါ။ သူကတော့ အနုပညာနယ်ပယ်ထဲ Kim Woo Bin, Jung Hae In, Lee Sung Kyung တို့နဲ့ ရင်းနှီးပါတယ်။

Kim Heechul (Super Junior)

Kim Heechul ကတော့ ဒီလို List ထဲမှာ မပါမဖြစ်လို့ ဆိုရမှာပါ။ Heechul ရဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုကို မေးခွန်းထုတ်စရာ မလိုဘဲ ရသစုံအစီအစဉ်တွေမှာ တွေ့မြင်နိုင်မှာပါ။ အနုပညာနယ်ပယ်ထဲ Heechul ဟာ နာမည်ကျော်များစွာနဲ့ ရင်းနှီးသူ ဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page