K pop

■ Heechul လက်ထပ်ဖို့ အစီအစဉ်ရှိလား

– – – လူပျိုကြီး Heechul တစ်ယောက် အစွံ့ထုတ်တော့မလား…

Super Junior အဖွဲ့ဝင် Heechul ကတော့ လက်ထပ်တာနဲ့ ပတ်သက်ပြီး သူ့ခံစားချက်ကို မျှဝေသွားခဲ့ပါတယ်။

Heechul ဟာ လက်ရှိမှာ MBN ရဲ့ International Couple အစီအစဉ်မှာ Host အဖြစ် ဆောင်ရွက်နေပြီး အဲဒီမှာ လက်ထပ်တာနဲ့ ပတ်သက်လို့ သူ့အမြင်ကို ဖွင့်ဟခဲ့တာပါ။

Heechul က သူ့အနေနဲ့ လောလောဆယ်မှာ လက်ထပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုခဲ့ပါတယ်။ “ဒီရက်ပိုင်းမှာ လက်မထပ်တာက Trend ဖြစ်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်ထပ်ဖို့ အစီအစဉ် မရှိသေးပါဘူး”လို့ Heechul က ဖွင့်ဟခဲ့ပါတယ်။

ဒါဟာ Heechul က သူအနေနဲ့ လက်မထပ်သေးဘူးဆိုတာ အခုမှ ပထမဆုံးအကြိမ် ထုတ်ပြောတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်အတွင်းတုန်းကလည်း Heechul ဟာ လက်ထပ်ဖို့ စိတ်မဝင်စားသေးကြောင်း၊ အမေဖြစ်သူက My Little Old Boy ကို ကြိုက်နှစ်သက်လို့ သူသာ လက်ထပ်ဖြစ်ခဲ့ရင် အဲဒီအစီအစဉ်မှာ ပါဝင်နိုင်တော့မှာ မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။

လတ်တလောမှာတော့ Heechul ဟာ TWICE အဖွဲ့ဝင် Momo နဲ့ တွဲနေတာပဲ ဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page