K pop

■ Baekhyun ဟာ Social လိပ်ပြာလေး တစ်ကောင်ပါ

— ဘယ်နေရာပဲရောက်ရောက် EXO အဖွဲ့ဝင် Baekhyun ဟာ လူချစ်လူခင်ပေါများပြီး ပေါင်းသင်းဆံ့ လို့ ဂုဏ်သတင်းက မွှေးပျံ့နေခဲ့ပါတယ်။

Baekhyun ဟာ အခုလထဲမှာ စစ်မှုတာဝန်ကို စတင်ထမ်းဆောင်ခဲ့တာ အားလုံးသိပါတယ်။ စစ်မှုတာ ဝန်ထမ်းဆောင်ပြီး ပထမဆုံးအကြိမ် Baekhyun နဲ့ စစ်သားသူငယ်ချင်းတွေရဲ့ ဓါတ်ပုံတွေ အွန်လိုင်း မှာပျံ့နှံ့လာခဲ့သလို Baekhyun ရဲ့ အကြောင်းကို စစ်သားသူငယ်ချင်းတစ်ဦးက ဖောက်သည်ချခဲ့ပါ တယ်။

အဆိုပါစစ်သားသူငယ်ချင်းက Baekhyun ကို Social လိပ်ပြာလေးတစ်ကောင်လို့ တင်စားကာ သူ့ရဲ့ လူမှုဆက်ဆံရေးနဲ့ ပေါင်းသင်းဝင်ဆံ့မှုကို ချီးကျူးခဲ့တာဖြစ်ပါတယ်။ အဆိုပါ စစ်သားသူချင်းက ဓါတ်ပုံ နဲ့အတူ လူမှုကွန်ရက်မှာ အခုလိုဝေမျှခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်ဟာ Baekhyun နဲ့ စစ်တပ်လေ့ကျင့်ခန်းကို တစ်နေ့တည်းဝင်ခဲ့တာဖြစ်ပါတယ်။ ဖြစ်ချင် တော့လည်း Baekhyun နဲ့ အခန်းတစ်ခုတည်းကျတာဖြစ်ပါတယ်။

Baekhyun ဟာ အရမ်းကြည့်လို့ကောင်းတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရည်ထက် ပုဂ္ဂိုလ်ရေးက ကျွန်တော့် ကိုပိုအထင်ကြီးစေပါတယ်။ Baekhyun ဟာ လုံးဝကို Social လိပ်ပြာလေးတစ်ကောင်ပါ။ တကယ့်ကို အလွန်မိုက်တဲ့ ဘဲကြီးဖြစ်ပါတယ်။

လူတိုင်းရဲ့ စိတ်တွေကို ဖမ်းစားနိုင်သလို အခန်းထဲမှာလည်း ရယ်မောသံတွေနဲ့ပျံ့နှံ့အောင် ဖန်တီးနိုင် သူလည်းဖြစ်ပါတယ်။ ဒီလိုပုဂ္ဂိုလ်ရေးမျိုးရှိလို့လည်း K-pop Star တစ်ဦးအနေနဲ့ အတိုင်းထက်အလွန် အောင်မြင်နေတာမထူးဆန်းတော့ပါဘူး” လို့ စစ်သားသူငယ်ချင်းတစ်ဦးက ဖောက်သည်ချခဲ့တာဖြစ် ပါတယ်။

-m2t
Ref: SBSstar

 

You cannot copy content of this page