K pop

■ မဖွယ်မရာ ပြုကျင့်တယ်လို့ စွပ်စွဲမှုတွေအပေါ် တရားစွဲတော့မဲ့ Ji Soo

– – -မင်းသား Ji Soo ဟာ မဟုတ်မှန် စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး…

နာမည်ကျော် ကိုရီးယားသရုပ်ဆောင် Ji Soo ဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ မဟုတ်မမှန် စွပ်စွဲပြောဆိုမှုတွေကို တရားစွဲဆိုတော့မှာ ဖြစ်ပါတယ်။

Ji Soo ဟာ ကျောင်းတွင်းအနိုင်ကျင့်မှု ဖြစ်ရပ်တွေ ထွက်ပေါ်လာအပြီးနောက် လှုပ်ရှားမှုတွေအားလုံး ရပ်နားထားခဲ့ရကာ River Where the Moon Rises ဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးရင်းတန်းလန်း နုတ်ထွက်ခဲ့ရတာပါ။

ဒါ့အပြင် အခုနောက်ဆုံး KeyEast အေဂျင်စီကပါ သူ့နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီ ဖြစ်ပါတယ်။ Ji Soo နဲ့ ပတ်သက်ပြီး မဖွယ်မရာပြုကျင့်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်နေပြီး အခုအခါ Jisoo က အဲဒီလို မဟုတ်မမှန် သတင်းဖြန့်ဝေသူတွေကို ဆက်ပြီးငြိမ်ခံနေတော့မှာ မဟုတ်ဘူးလို့ ကိုယ်စားလှယ်ကနေတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။

Ji Soo ဟာ အတိတ်ကအမှားတွေကို လက်စာရေးတစ်စောင်နဲ့ရေးကာ အားလုံးဆီက ခွင့်လွှတ်မှုရဖို့တောင်းပန်ခဲ့ကြောင်း၊ ဒါပေမဲ့ တချို့အရာတွေက အမှန်တရားနဲ့ ကွဲပြားနေပြီး Ji Soo အနေနဲ့မဖွယ်မရာ ပြုကျင့်ခဲ့တယ်ဆိုတဲ့ မဟုတ်မမှန် သတင်းတွေ ထွက်ပေါ်နေခဲ့ကြောင်း၊

Ji Sooအနေနဲ့ အတိတ်က သူ့အမှားအတွက် ပြန်သုံးသပ်နေချိန်ဖြစ်လို့ ဒီလိုအရာတွေကို အရေးမစိုက်ဘဲ လွှတ်ထားခဲ့ကြောင်း၊ ဒီကိုမျိုး Ji Soo ငြိမ်နေတာကို သတင်းမှားဖြန့်သူတွေဘက်က ရောင့်တက်လာကြကြောင်း၊ ဒါကြောင့် သတင်းမှားဖြန့်ဝေသူတွေကို အရေးယူမှုတွေ ပြုလုပ်သွားတော့မှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

-Ref: Koreaboo

You cannot copy content of this page