K pop

■ဒီသီချင်းသာ မရှိရင် BTS အဖွဲ့ ဒီလိုနေရာမျိုး မရောက်လာနိုင်ဘူးလို့ Jungkook ဖွင့်ဟ

– – -BTS အဖွဲ့တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ဂုဏ်အယူရဆုံး သီချင်းကိုယ်စီ ရှိကြပြီး….

BTS ဟာ ပွဲထွက်ပြီးကတည်းက နာမည်ကျော်သီချင်းကောင်းများစွာကို ထုတ်ဝေခဲ့ကြတာပါ။

အဲဒီသီချင်းတွေထဲမှ အဖွဲ့ဝင်တစ်ယောက်ချင်းစီက သူတို့ဂုဏ်အယူရဆုံး သီချင်းကိုယ်စီရှိတတ်ကြပါတယ်။ တလောတုန်းက BTS အဖွဲ့ဝင်တွေဟာ သူတို့ဂုဏ်ယူအရဆုံး သီချင်းတွေအကြောင်း ဖွင့်ဟခဲ့ကြပါတယ်။

ပထမဆုံး Suga ကတော့ နောက်ဆုံးထွက်ရှိထားတဲ့ Butter သီချင်းကို ရွေးချယ်ခဲ့ပါတယ်။ Butter သီချင်းနဲ့လည်း BTS ဟာ အောင်မြင်မှုများစွာ စိုက်ထူထားနိုင်ခဲ့တာပါ။

RM ကတော့ N.O. ကိုရွေးချယ်ခဲ့ပြီး Jimin ကတော့ ၂၀၁၇ ခုနှစ်ထွက်ရှိခဲ့တဲ့ BTS ရဲ့ နာမည်ကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Spring Day ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

J-Hope ဂုဏ်အယူရဆုံးသီချင်းက No More Dream ဖြစ်ခဲ့ပြီး Jungkook ရဲ့အဖြေကလည်း No More Dream ပါပဲတဲ့။ No More Dream ဟာ BTS ရဲ့ ပွဲထွက်သီချင်းဖြစ်ပြီး အဲဒီသီချင်းသာ မရှိရင် BTS ဟာ ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူးလို့ Jungkook က ဖွင့်ဟခဲ့ပါတယ်။

V ကတော့ ပထမဆုံး Single Album m 2 COOL 4 SKOOL ထဲမှာ ပါဝင်တဲ့ Like ကို ရွေးချယ်ခဲ့ပါတယ်။

-Ref: Koreaboo

You cannot copy content of this page