K pop

■ မေလ Idol တစ်ဦးချင်း Brand Reputation Rankings မှာ ဘယ်သူတွေဦးဆောင်ခဲ့သလဲ

— မေလအတွက် Idol တစ်ဦးချင်း Brand Reputation Rankings (၃၀)ဦးစာရင်းမှာ ဘယ်သူတွေ ထိပ်ဆုံးက ရပ်တည်ခဲ့သလဲဆိုတာ . . .

Korean Business Research Institute ဟာ ဧပြီလ 29 ရက်နေ့ကနေ မေလ 29ရက်နေ့အထိ K-Pop Idols စုစုပေါင်း 1453 ဦးရဲ့ ကြော်ငြာရိုက်ရမှုတွေ၊ မီဒီယာပေါ်မှာ ပရိသတ်တွေကို လွှမ်းမိုးနိုင်မှု၊ ကျော်ကြားမှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ်လအတွင်း လူကြိုက် အများဆုံး သို့မဟုတ် Idol တစ်ဦးချင်း Brand Reputation Rinking ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မေအတွက် Idol တစ်ဦးချင်း Brand Reputation Rankings (၃၀)ဦးစာရင်းရဲ့ ထိပ်ဆုံးမှာ BTS အဖွဲ့ဝင် Jimin က ရပ်တည်နေပြီး နံပါတ် ၂ မှာ Kang Daniel နဲ့ နံပါတ် ၃ မှာ ASTRO အဖွဲ့ဝင် Cha Eun Woo တို့ ကရပ်တည်ခဲ့ပါတယ်။

Jimin ဟာ Brand Reputation Index (7,217,872) ရရှိခဲ့ပြီး Idol တစ်ဦးချင်း Brand Reputation Rankings ရဲ့ ထိပ်ဆုံးနေရာမှာ (19)လဆက်တိုက်ရပ်တည်ခဲ့တာဖြစ်ပါတယ်။

Kang Daniel ကတော့ Brand Reputation Index (6,899,570) ၊ Cha Eun Woo က Brand Reputation Index (6,330,046) ရရှိခဲ့ပါတယ်။

Idol တစ်ဦးချင်း Brand Reputation Rankings (၃၀)ဦးစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

1# BTS’s Jimin ၊ 2# Kang Daniel ၊ 3# ASTRO’s Cha Eun Woo ၊ 4# BTS’s V ၊ 5# BTS’s Jungkook ၊ 6# BTS’s Jin ၊ 7# Brave Girls’ Yujeong ၊ 8# BTS’ Suga ၊ 9# Brave Girls’ Yuna ၊ 10# Brave Girls’ Eunji

11# BIGBANG’s G-Dragon ၊ 12# BTS’s J-Hope ၊ 13# Oh My Girl’s Arin ၊ 14# Brave Girls’ Minyoung ၊ 15# BLACKPINK’s Jennie ၊ 16# Highlight’s Yoon Doojoon ၊ 17# BTS’s RM ၊ 18# Oh My Girl’s Jiho ၊ 19# ITZY’s Yuna ၊ 20# aespa’s Winter

21# aespa’s Karina ၊ 22# Girls’ Generation’s Taeyeon ၊ 23# ITZY’s Yeji ၊ 24# Girls’ Generation’s Yuri ၊ 25# NU’EST’s JR ၊ 26# Highlight’s Yang Yoseob ၊ 27# ITZY’s Ryujin ၊ 28# aespa’s Giselle ၊ 29# ITZY’s Lia ၊ 30# MAMAMOO’s Hwasa

– m2t
Ref : Soompi

You cannot copy content of this page