K pop

■ Instagram မှာ ပထမဆုံးနဲ့ တစ်ဦးတည်းသော Male Idol ဆိုတဲ့ ဂုဏ်ပုဒ်ရခဲ့တဲ့ BTS အဖွဲ့ဝင်

—- BTS အဖွဲ့ဝင်တွေအားလုံးဟာ Social မီဒီယာ King တွေပါပဲ…သူတို့နဲ့ ထိလိုက်တဲ့အရာတွေဟာ ရွှေဖြစ်သွားလို့တောင် ပရိသတ်တွေ ညွှန်းဆိုကြ…

BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ V ဟာ Instagram မှာ ပထမဆုံးနဲ့ တစ်ဦးတည်းသော K-pop Male Idol ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ V ဟာ Instagram မှာ Like 7 သန်းကျော်ရရှိတဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော Male Idol ဖြစ်ခဲ့တာပါ။

V ရဲ့ Butter သီချင်းအတွက် Teaser ဓါတ်ပုံ (၂)ဟာ Instagram မှာတင်ပြီးနောက် Like 7 သန်း ကျော်ရရှိခဲ့တာပါ။ V ရဲ့ အဆိုပါဓါတ်ပုံပို့စ်ဟာ 10 ရက်နဲ့ 13 နာရီ၊ 51မိနစ်ကြာပြီးနောက် အဆိုပါ မိုင်တိုင်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

နောက်ပြီး V ဟာ Instagram Like 6 သန်း အမြန်ဆုံးရရှိတဲ့ Male Idol ၊ Like 6 သန်းကျော် ပို့စ် (၄)ခုပိုင်ဆိုင်တဲ့ တစ်ဦးတည်းသော BTS အဖွဲ့ဝင် အဖြစ်လည်း ဂုဏ်ပုဒ်တွေရရှိခဲ့ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page