— – – သူတို့ဝတ်စားခဲ့တဲ့ အဝတ်အစားတွေကို ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့တာ … လှလို့ဆိုတာထက် …
ဆုပေးပွဲတွေ ဘာပွဲ ညာပွဲတွေရဲ့ Red Carpets တွေမှာ အထူးသဖြင့် မင်းသမီးတွေရဲ့ ပွဲတက်ဝတ်စုံတွေကို ပရိသတ်တွေက အလွန်စိတ်ဝင်စားကြပါတယ်။
ဒါကို မင်းသမီးတွေကလည်း ကောင်းကောင်းသိပြီး သူတို့တွေကတော့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြတာပါ။
Oh In Hye
2011 Busan International Film Festival မှာ ဝတ်ဆင်ခဲ့တဲ့ Oh In Hye ရဲ့ ဝတ်စုံဟာ ယနေ့တိုင် လူပြောများနေဆဲ ဖြစ်ပါတယ်။
Han Se Ah
Han Se Ah ဟာ ဒီဝတ်စုံကို 2014 Grand Bell Awards မှာ ဝတ်ဆင်ခဲ့ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Lee Sung Kyung
2015 Seoul Drama Awards မှာ ဝတ်ဆင်ခဲ့တဲ့ Lee Sung Kyung ရဲ့ ဝတ်စုံကလည်း အခုထက်ထိ ပရိသတ်တွေ ပြောမဆုံးသေးတဲ့ ဝတ်စုံပါပဲ။
Ha Na Kyung
33th Blue Dragon Film Festival မှာ ဝတ်ဆင်ခဲ့တဲ့ Ha Na Kyung ရဲ့ ဒီဝတ်စုံကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
Kim So Yeon
လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က ဝတ်ဆင်ခဲ့တဲ့ ဒီဝတ်စုံအတွက် မင်းသမီး Kim So Yeon တစ်ယောက် ယနေ့တိုင် ဝေဖန်ခံနေရဆဲ ဖြစ်ပါတယ်။
Bae So Eun
2012 Busan Film Festival ဝတ်ဆင်ခဲ့တဲ့ Bae So Eun ဝတ်စုံကို ဖော်ပြလွန်းတယ်လို့ ဆိုကြပါတယ်။
Kang Han Na
2013 Busan Film Festival မှာ ဝတ်ဆင်ခဲ့တဲ့ Kang Han Na ဝတ်စုံက Iconic ဖြစ်ခဲ့ပြီး နောက်ပိုင်းကို မြင်တဲ့အခါမှာတော့ အတော်လေးဆိုးတယ်လို့ ဆိုခဲ့ကြပါတယ်။
No Su Ram
35th Blue Dragon Film Festival ကို ဖိတ်ကြားခြင်းမခံပေမယ့် တက်လာခဲ့တဲ့ No Su Ram ဟာ ဒီဝတ်စုံကြောင့် နာမည်ကြီး သွားပါသတဲ့။
— ဃဲ
Ref: Koreaboo