K pop

■ BLACKPINK အဖွဲ့ဝင်တစ်ဦးကြောင့် K-pop လမ်းကြောင်းမှာ ရှိနေခဲ့တာဆိုတဲ့ Minnie

— – – ပွဲထွက်ဖို့အတွက် အရမ်းခက်ခဲပြီး စိတ်သောကရောက်နေချိန်မှာ သူမ ပြောခဲ့တဲ့ စကားတစ်ခွန်းက …

(G)I-DLE အဖွဲ့ဝင် Minnie နဲ့ BLACKPINK အဖွဲ့ဝင် Lisa တို့ Concert တစ်ခုမှာ လည်ဆွဲလေးဆင်တူဝတ်ပြီး တွေ့ခဲ့ရတာကို နှစ်ဖက်ပရိသတ်တွေ အရမ်းကို ကျေနပ်ခဲ့ကြပါတယ်။

သိပ်မကြာခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Minnie က သူ့ရဲ့ သင်တန်းသူဘဝအခက်အခဲတွေကို ပြောပြခဲ့ပြီး Idol ဖြစ်ဖို့အတွက် စိတ်ပူနေချိန်မှာ Lisa အားပေးခဲ့တာတွေကို ဖွင့်ဟခဲ့ပါတယ်။

“တစ်ခါတုန်းက Lisa ပေးခဲ့တဲ့ အကြံတစ်ခုကို အခုအချိန်အထိ ကျွန်မ အမှတ်ရနေဆဲပါပဲ။ (G)I-DLE အဖွဲ့နဲ့ ပွဲထွက်ဖို့ လုပ်နေချိန်မှာ ကျွန်မ အားအင်ကုန်ဆုံးပြီး အနာဂတ်အတွက် အရမ်း စိတ်ပူခဲ့တာပါ။

အဲဒီအချိန်မှာ Lisa က ‘အကောင်းဆုံးသာ လုပ်ပါ။ ရလဒ် ကောင်းပါလိမ့်မယ်’လို့ ကျွန်မကို ပြောခဲ့ပါတယ်။ Lisa ရဲ့ အဲဒီစကားကို ကြားပြီးနောက်မှာ ကျွန်မ အရမ်းအားတက်သွားတယ်။ ကျေးဇူးတင်ပါတယ်”ဆိုပြီး (G)I-DLE အဖွဲ့ဝင် Minnie က ပြောကြားခဲ့တာပါ။

Minnie ဟာ Lisa လိုပဲ ထိုင်းလူမျိုးတစ်ဦးဖြစ်ပြီး သူတို့ဟာ အလွန်ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေအဖြစ် ဒီနေ့ထက်တိုင် ရှိနေကြတာ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page