K pop

■ Vocal Skill အကောင်းဆုံးအဖြစ် မဲပေးခံရတဲ့ BTS အဖွဲ့ဝင်

—- ပေါ်ပြူလာဖြစ်တဲ့ App တစ်ခုက Vocal Skill အကောင်းဆုံး Male Idol တွေကို ဆန္ဒမဲပြုလုပ်ခဲ့ရာ မှာ ဒီ BTS အဖွဲ့ဝင်တစ်ဦးက …

ပေါ်ပြူလာဖြစ်တဲ့ Choeaedol App က ဆန္ဒမဲပြုလုပ်တဲ့ Vocal Skill အကောင်းဆုံး Male Idol 10 ဦး စာရင်းမှာ BTS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ V က Voting အများဆုံးနဲ့ သရဖူဆုကို ရရှိသွားခဲ့ပါတယ်။

Choeaedol App ဟာ Vocal Skill အထူးချွန်ဆုံးခေါင်းဆောင်နဲ့ ဆန္ဒမဲပြုလုပ်ခဲ့တာဖြစ်ပြီး မဲပေးသူ 91000 ကျော်ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ V ဟာ Vote 53000 ကျော်ရရှိပြီး Vocal Skill အကောင်းဆုံး Male Idol အဖြစ် ထိပ်ဆုံးကနေ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

V ရဲ့နောက်မှာလည်း အခြား BTS အဖွဲ့ဝင်တွေဖြစ်တဲ့ Jimin ၊ Jungkook ၊ Jin တို့က ဆက်တိုက်ရပ် တည်ခဲ့ကြသလို အခြား EXO အဖွဲ့ဝင်တွေဖြစ်တဲ့ Baekhyun ၊ D.O. နဲ့ Chen တို့ကလည်း 10 ဦးစာ ရင်းမှာပါဝင်ခဲ့တာကို တွေ့ရပါတယ်။

Choeaedol App က ဆန္ဒမဲပြုလုပ်တဲ့ Vocal Skill အကောင်းဆုံး Male Idol 10 ဦး

-m2t
Ref: Allkpop

 

You cannot copy content of this page