Articles

■ Spotify သမိုင်းမှာ စံချိန်သစ်တင်ခဲ့ပြန်တဲ့ Butter

— BTS ရဲ့ Butter ကတော့ စံချိန်တွေ တစ်ခုပြီးတစ်ခု….

BTS အဖွဲ့ရဲ့နောက်ဆုံးထွက် English single “Butter” ဟာ Spotify သမိုင်းမှာ စံချိန်သစ်တစ်ခုစိုက် ထူခဲ့ပြန်ပြီဖြစ်ပါတယ်။

မေလ 29 ရက်နေ့ Columbia Records ရဲ့ထုတ်ပြန်ချက်အရ Butter သီချင်းဟာ Spotify သမိုင်းမှာ Stream သန်း 100 ပြည့်တဲ့ အမြန်ဆုံးသီချင်းတစ်ပုဒ်အဖြစ် စံချိန်သစ်တင်ခဲ့တယ်လို့ သိရပါတယ်။

Butter ဟာ Spotify မှာ Stream သန်း 100 ပြည့်ဖို့ 7ရက်ကျော်ပဲကြာမြင့်ခဲ့တာဖြစ်ပါတယ်။ Butter ဟာ စတင်ထွက်တဲ့နေ့တုန်းကလည်း Spotify မှာ Stream 20,880,140 ရရှိခဲ့ပြီး စတင်ထုတ်လွှင့်တဲ့ ပထမရက်အတွင်း Stream အမြင့်ဆုံးသီချင်းတစ်ပုဒ်အဖြစ်လည်း မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။

ထပ်ပြီးတော့လည်း BTS ရဲ့ Butter ဟာ စံချိန်တွေအတွက် ဘယ်လောက်အထိလက်တန်ရှည်ဦးမလဲ ဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page