K pop

■ EXO ပရိသတ်မဟုတ်တော့သူတွေအတွက် Kai ရဲ့ သဘောထား

– – -တစ်ချိန်က EXO ကို အားပေးခဲ့ပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် EXO နဲ့ ဝေးကွာသွားသူတွေ ရှိကြပါတယ်။ အဲဒီလူတွေနဲ့ ပတ်သက်ပြီး Kai….

K-pop ပရိသတ်တွေဟာ သူတို့ကြိုက်နှစ်သက်တဲ့ Idol တွေဟာ ရူးရူးမူးမူး စွဲလမ်းအားပေးတတ်ကြပါတယ်။

ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခု အကြာမှာတော့ လုပ်ငန်းခွင့်ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုဘ၀ ပြောင်းလဲသွားတာပဲဖြစ်ဖြစ် စတဲ့အခြေအနေအကြောင်းကြောင်းကြောင့် သူတို့ ကြိုက်နှစ်သက်တဲ့ Idol တွေနဲ့ ဝေးကွာသွားတာမျိုးတွေ ရှိတတ်ကြပါတယ်။

Job Dongsan မှာ EXO အဖွဲ့ဝင် Kai ပါဝင်ခဲ့ရာမှာတော့ K-pop Idol တွေအတွက် ပရိသတ်တွေက အရေးပါပုံနဲ့ ပရိသတ်တွေအပေါ် သူ့ရဲ့ ခံယူချက် သဘောထားကို ဖွင့်ဟခဲ့ပါတယ်။

အဲဒီမှာ Kai က Idol တစ်ယောက်ဟာ ပရိသတ်တွေကို ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်တွေ ဖန်တီးပေးရမှာဖြစ်ကြောင်း၊ သူ့အနေနဲ့လည်း ပရိသတ်တွေအတွက် နွေဦးရာသီလို သာယာလှပဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ဆက်လက်ပြီး Kai က ဘဝအခြေအနေတွေကြောင့် ပရိသတ်အဖြစ်ကနေ ရပ်နားလိုက်ရသူတွေရှိပြီး သူတို့အနေနဲ့ မိမိအကြောင်း ဘယ်အချိန်ပြန်တွေးတွေး အမှတ်တရကောင်းတွေပဲ ကျန်ရှိစေချင်ကြောင်း ဆိုခဲ့ပါတယ်။

“လက်ထပ်လိုက်တာ၊ ဒါမှမဟုတ ်အလုပ်ရသွားတာ စသဖြင့် ဘဝအခြေအနေကြောင့် ပရိသတ်အဖြစ်ကနေ ရပ်နားလိုက်ရသူတွေ ရှိပါတယ်။ သူတို့က ကျွန်တော့်အကြောင်း ပြန်တွေးလိုက်တိုင်း ပျော်ရွှင်စရာအချိန်တွေကိုပဲ အမှတ်ရဖို့ မျှော်လင့်ပါတယ်”လို့ Kai ကဖွင့်ဟခဲ့ပါတယ်။

Kai ရဲ့ ဖွင့်ဟစကားက တကယ့်ကို နွေးထွေးလှပြီး EXO-L တွေကတော့ အချစ်ပိုခဲ့ရကြရပြန်ပါတယ်။

-Koreaboo

You cannot copy content of this page