K pop

■ Sport Concept နဲ့ အလွန်လိုက်ဖက်တယ်လို့ သတ်မှတ်ခံထားရတဲ့ K-pop အဖွဲ့ (၅) ဖွဲ့

– – -ဒီ K-pop အဖွဲ့တွေဟာ Sporty Concept တွေနဲ့ အလွန်ကြည့်ကောင်းတာ တွေ့ရမှာဖြစ်ပြီး…

MV တွေထဲမှာဖြစ်ဖြစ်၊ စတိတ်စင်ပေါ်မှာဖြစ်ဖြစ် K-pop Idol တွေရဲ့ ဖက်ရှင်ပိုင်းက ပရိသတ်တွေကို များစွာ ဆွဲဆောင်နိုင်ပါတယ်။

ပရိသတ်တွေအနေနဲ့ ဘယ် Idol က ဘာဖက်ရှင်နဲ့ လိုက်ဖက်တယ်ဆိုတာမျိုး မှတ်သားထာလေ့ရှိပါတယ်။ ဒါကြောင့် အခုအခါမှာတော့ Sport Concept နဲ့ လိုက်ဖက်တယ်လို့ သတ်မှတ်ခံထားရတဲ့ K-pop အဖွဲ့တွေကို ဖော်ပြပေးချင်ပါတယ်။

EXO

၂၀၁၅ ခုနှစ်မှာ EXO ရဲ့ Love Me Right ကလည်း အားလုံးရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့တာပါ။ အဲဒီမှာ EXO အဖွဲ့ဝင်တွေဟာ အမေရိကန်ဖွတ်ဘောဝတ်စုံနဲ့ အလွန်ကြည့်ကောင်းလွန်းနေတာ မြင်တွေ့ရမှာပါ။

BTS

BTS ဟာ Sport Concept နဲ့ သီချင်း မထုတ်ဝေပေမဲ့ တစ်ခါက Kim Sung Jae ရဲ့As I Told You ကို Cover ပြုလုပ်ရာမှာတော့ စင်ပေါ်မှာ ဟော်ကီဝတ်စုံကို ဝတ်ဆင်ခဲ့ကြပါတယ်။ ဒီအခါမှာ BTS အဖွဲ့ဝင်တွေဟာ ဆွဲဆောင်မှုရှိလွန်းပြီး ဖျော်ဖြေမှုကလည်း အမိုက်စားဖြစ်နေတာ တွေ့ရပါတယ်။

NCT U

NCT U ဟာ 90’s Love သီချင်းထဲမှာ ဟော်ကီဝတ်စုံကို ဝတ်ဆင်ပြီး Visual ဖြစ်လွန်းခဲ့တာ တွေ့ရမှာပါ။

TXT

TXT ဟာ Drama ဂျပန်ဗားရှင်းကို ထုတ်ဝေခဲ့ရာမှာတော့ ဘော်လီဘော ဝတ်စုံနဲ့ အလန်းစားဖျော်ဖြေတင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခါ TXT အဖွဲ့ဝင်တွေဟာ အလွန်လန်းဆန်းတက်ကြွပြီး ဆွဲဆောင်မှုရှိလွန်းနေခဲ့တာပါ။

iKON

iKON အဖွဲ့ကလည်း ၂၀၁၆ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ Rhythm Ta သီချင်းထဲမှာ ဘတ်စကတ်ဘောဝတ်စုံနဲ့ လုံးဝအမိုက်စားဆန်လွန်းနေခဲ့တာ ဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page