K pop

■ သွေးထွက်အောင် မှန်လွန်ခဲ့တဲ့ IU နဲ့ ပတ်သက်ပြီး Gong Yoo ရဲ့ ဟောကိန်းတစ်ခု

– – -တစ်ခါတုန်းက IU နဲ့ ပတ်သက်ပြီး Gong Yoo က ဟောကိန်းတစ်ခု ထုတ်ခဲ့ဖူးပါတယ်။ ဒီဟောကိန်းဟာ အခုဆိုရင်….

IU ဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းကျော်ကြားတဲ့ ထိတ်ထိတ်ကြဲ အောင်မြင်မှုမျိုးကို ရရှိနေပါပြီ။’

တစ်နေ့မှာ IU အနေနဲ့ ဒီလိုမျိုး အောင်မြင်မှုမျိုးကို ရရှိလိမ့်မယ်ဆိုတာ Gong Yoo က ကြိုသိနေခဲ့တယ်လို့ ဆိုရမှာပါ။ IU ရဲ့ Palette မှာ Gong Yoo က ဧည့်သည်အဖြစ် လာရောက်ခဲ့ဖူးပါတယ်။

အဲဒီမှာ Gong Yoo က IU နဲ့ ပထမဆုံး တွေ့ဆုံစဉ်အခါကအကြောင်းကို အမှတ်တရ ပြန်ပြောင်းပြောခဲ့ပါတယ်။ IU နဲ့ Gong Yoo တို့ဟာ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်နေ့မှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီတုန်းက IU ဟာ ဒီနယ်ပယ်ထဲ စတင်တိုးဝင်ခါစပဲ ရှိပါသေးတယ်။

အဲဒီကတည်းက IU ရဲ့ အလွန်ယုံကြည်မှုရှိတဲ့ ဆယ်ကျော်သက်တစ်ဦးဖြစ်ပြီး အလွန်အောင်မြင်ကျော်ကြားမယ်လို့ Gong Yoo က ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတုန်းက အကြောင်းနဲ့ပတ်သက်ပြီး IU ကလည်း “အဲဒီတုန်းက Gong Yoo နဲ့ တွေ့ခဲ့တာ အရမ်းမိုက်ပါတယ်။ ကျွန်မက အဲဒီတုန်းက နာမည်ကျော်အဆိုတော် မဟုတ်သေးပါဘူး။ အဲဒီတုန်းအကိုက “၁၀ နှစ်အတွင်း ကျွန်မက အလွန်ကျော်ကြားတဲ့ Composer ဒါမှမဟုတ် တေးရေး-တေးဆိုဖြစ်လာမယ်လို့ ပြောခဲ့တယ်နော်။ အစ်ကို ခန့်မှန်းခဲ့တာပေါ့။ အဲဒီနောက် ကျွန်မက သီချင်းတွေ အများကြီးရေးခဲ့တော့တာပဲ”လို့ IU က ဖွင့်ဟခဲ့ပါတယ်။

ဒါကြောင့် IU နဲ့ ပတ်သက်ပြီး Gong Yoo ရဲ့ ခန့်မှန်းမှုက သွေးထွက်အောင်မှန်လွန်းခဲ့တယ်လို့ ဆိုရမှာပါ။

-Ref: Koreaboo

You cannot copy content of this page