K pop

■ လှပြီး ချစ်စရာကောင်းတယ်လို့ Joy ချီးကျူးခဲ့တဲ့ K-Pop အဖွဲ့ (၂)ဖွဲ့

– – – Red Velvet အဖွဲ့ဝင် Joy လှပြီး ချစ်စရာကောင်းတယ်လို့ ချီးကျူးခဲ့တဲ့ အမျိုးသမီးအဖွဲ့တွေကတော့ …

Red Velvet အဖွဲ့ဝင် Joy ဟာ tvN ရဲ့ More Salty Tour မှာ Park Myung Soo နဲ့အတူ ပါဝင်ခဲ့ပါတယ်။

အဲဒီမှာ Park Myung Soo က Joy ကို ခုတလော ဘယ်သီချင်းကို နားထောင်နေသလဲလို့ မေးမြန်းခဲ့ရာမှာတော့ Joy က ITZY အဖွဲ့ရဲ့ သီချင်းတွေကို နားထောင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်ပြီးတော့ Joy က “သူတို့ အရမ်းလှတယ် မဟုတ်လား။ ခုတလော ITZY နဲ့ STAYC အဖွဲ့က အရမ်းချစ်စရာကောင်းပြီး လှတယ်လို့ ကျွန်မ မြင်ပါတယ်”လို့ Park Myung Soo ကို ပြောပြခဲ့ပါတယ်။

Ref: AKP

You cannot copy content of this page