Celebrity

■ Lee Da In နဲ့ တွဲနေတဲ့ Lee Seung Gi ပရိသတ်တွေ ဆန္ဒပြ

– – – Lee Da In နဲ့တွဲအပေါ် Lee Seung Gi ပရိသတ်တွေ ကန့်ကွက်ဆန္ဒပြရလောက်အောင် အကြောင်းရင်းက ဘာများလဲ ?

မေလလယ်ပိုင်းလောက်က နာမည်ကျော် မင်းသား Lee Seung Gi ဟာ မင်းသမီး Lee Da In နဲ့ Date လုပ်နေကြောင်း သတင်းထွက်လာပြီး ဒါကို Lee Da In အေဂျင်စီက အတည်ပြုခဲ့ပါတယ်။

အခု Lee Seung Gi ရဲ့ ပရိသတ်တွေက Lee Da In နဲ့ တွဲတဲ့အတွက် Lee Seung Gi ကို ဆန္ဒပြနေကြပါတယ်။

တောင်ကိုရီးယားမှာ Lee Seung Gi ရဲ့ အကြီးဆုံး Fan Club ဖြစ်တဲ့ Irenes အဖွဲ့က Truck ကားနဲ့ Lee Da In နဲ့တွဲတာကို သဘောမတူကြောင်း ဆန္ဒပြခဲ့တာပါ။

သူတို့ဟာ Truck ကားမှာ “၁၇ နှစ်ကြာ တံတိုင်းလို ကာကွယ်ပေးခဲ့တဲ့ ပရိသတ်တွေကို စွန့်တော့မလို့လား” “ဆုံးဖြတ်တာ မြန်လွန်းတယ်။ မင်းကို ကာကွယ်ပေးခဲ့တဲ့ Irenes တွေကို မကာကွယ်ပေးတော့ဘူးလား” “မင်း မသိသေးရင် ငါတို့ ပြောပြမယ် Lee Da In တို့ မိသားစုက စွပ်စွဲမှုတွေ အများကြီးပဲ” စသဖြင့် ရေးသားထားပါတယ်။

Lee Da In ရဲ့ မိဘတွေနဲ့ မိသားစုတွေဟာ အရင်တုန်းက Stock ဈေးကွက်မှာ လိမ်လည်မှု ရှိခဲ့ဖူးပြီး သူတို့ကြောင့် ငွေကြေးဆုံးရှုံးလို့ ဆူဆိုက်လုပ်သွားတဲ့သူအချို့တောင် ရှိတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Lee Seung Gi ပရိသတ်တွေက အဲဒါကို စိတ်ပူနေတာဖြစ်ပါတယ်။

Ref: AKP

You cannot copy content of this page