K pop

■ ဝန်ထမ်းတစ်ဦး COVID-19 ကူးစက်ခံရပြီးနောက် TXT ရဲ့ Comeback Showcase ဖျက်သိမ်းခဲ့ကာ အဖွဲ့ဝင်တွေလည်း COVID အစစ်ခံ

– – -ကျန်းမာရေးအာဏာပိုင်တွေက မတောင်းဆိုပေမဲ့ TXT အဖွဲ့ဟာ Test Kit ပြုလုပ်ခဲ့ပြီး…

TXT အဖွဲ့ဟာ ပြင်ပဝန်ထမ်းတစ်ဦး COVID-19 ကူးစက်ခံရပြီးနောက် သူတို့ရဲ့ Comeback Showcase ကို ဖျက်သိမ်းလိုက်ပြီပဲ ဖြစ်ပါတယ်။

TXT ဟာ မေလ (၃၁) ရက်နေ့မှာ Offline Media Showcase ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ဝန်ထမ်းတစ်ဦး COVID-19 ကူးစက်ခံရပြီးနောက် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း Big Hit Music က ထုတ်ပြန်ခဲ့ပါတယ်။

“TXT ရဲ့ Chapter: Freeze media showcase ပြောင်းလဲမှု ပြုလုပ်ခဲ့ရတာကို တင်ပြလိုပါတယ်။ မေလ (၃၀) ရက်နေ့မှာ ဝန်ထမ်းတစ်ဦး COVID-19 ကူးစက်ခံခဲ့ရပါတယ်။ ဒါကြောင့် offline media showcase ကို ပြုလုပ်ဖို့ရာ ခက်ခဲသွားပါပြီ။

ကျန်းမာရေး အာဏာပိုင်တွေက တရားဝင် တောင်းဆိုထားတာမျိုး မရှိပေမဲ့ TXT အဖွဲ့ဝင်တွေအနေနဲ့ Test Kit စစ်ဆေးခဲ့ပြီး Negative ပြခဲ့ပါတယ်။ မေလ (၃၀) ရက်နေ့တုန်းကတော့ PCR ပြုလုပ်ထားပြီး အဖြေကို စောင့်နေဆဲပါ”လို့ Big Hit Music က ထုတ်ပြန်ခဲ့ပါတယ်။

TXT အဖွဲ့ဟာ သူတို့ရဲ့ Comeback ဖြစ်တဲ့ The Chaos Chapter: Freezeကို မေလ (၃၁) ရက်နေ့မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

-Ref: Koreaboo

You cannot copy content of this page