K pop

■ Yoo Jae Suk ကြောင့် နာမည်ပါပြောင်းခဲ့ရတဲ့ Song Ji Hyo ရဲ့အဖြစ်

– – – Yoo Jae Suk တို့ မနိုင်ချက်တော့ Song Ji Hyo တစ်ယောက်…

Running Man အဖွဲ့ဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အစအနောက်သန်ပြီး ကြည်နူးစရာကောင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားခဲ့ကြတာပါ။

Song Ji Hyo ကလည်း Yoo Jae Suk ရဲ့ မနိုင်မှုကြောင့် သူမရဲ့နာမည်ရင်းကို ပြောင်းလဲခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ လေဆိပ်ကို RM အဖွဲ့ဝင်တွေရောက်တော့ ဝန်ထမ်းက Song Ji Hyo ရဲ့ နာမည်ရင်းဖြစ်တဲ့ Cheon Soo Yeon လို့ ခေါ်ခဲ့ပါတယ်။

ဒီအခါ RM အဖွဲ့ဝင်တွေကလည်း နည်းနည်းကြောင်သွားခဲ့ပြီး Cheon Soo Yeon က ဘယ်သူလဲလို့ မေးငေါ့ခဲ့ကြပါတယ်။ နောက်တော့မှ Ji Hyo ဆိုတာ သိခဲ့ကြပါတယ်။ အမှန်တော့ Song Ji Hyo ရဲ့ မူလနာမည်ရင်းက Cheon Sung Im ဖြစ်ပြီး Cheon Soo Yeon လို့ နာမည်ပြောင်းထားခဲ့တာပါ။

Yoo Jae Suk ကြောင့် ဒီလိုပြောင်းထားရတာလို့ Song Ji Hyo က ဖွင့်ဟခဲ့ပါတယ်။ Running Man မှာ Jae Suk က သူမရဲ့နာမည်ကို ခဏခဏ အော်ခေါ်နေတဲ့အခါ အားလုံးသိကုန်တဲ့အတွက် နာမည်ပြောင်းထားခဲ့ရတာလို့ Ji Hyo က ဆိုခဲ့ပါတယ်။

ဒီအခါ သူမရဲ့နာမည်အသစ်ကိုလည်း အဖွဲ့ဝင်တွေက လိုက်စနေကြလို့ ဒီနာမည်တော့ထပ်ပြီး မပြောင်းပါရစေနဲ့တော့လို့ Song Ji Hyo တစ်ယောက် ပြောယူရတဲ့အထိပါပဲ။

-Ref: Koreaboo

You cannot copy content of this page