K pop

■ ARMY တွေကို တောင်းပန်ကာ “BORAHAE” အတွက် Copyright လျှောက်ထားမှုအား Comsetic ကုမ္ပဏီ လက်လျှော့

– — BTS နဲ့ ARMY တို့အတွက် တန်ဖိုးထားစရာဖြစ်တဲ့ BORAHAE ကို Comsetic ကုမ္ပဏီက ….

Comsetic Brand တစ်ခုဖြစ်တဲ့ LALALEE’S က “BORAHAE” ဆိုတဲ့စကားကို Copyright လျှောက်ထားထားကြောင်း ကိုရီးယားမူပိုင်ခွင့် အချက်အလက် ဝန်ဆောင်မှု ( KIPRIS) က ဖော်ပြခဲ့ပါတယ်။

BORAHAE ဆိုတာ ၂၀၁၆ ခုနှစ်အတွင်း Concert တစ်ခုမှာ BTS အဖွဲ့ဝင် V ပြောခဲ့တဲ့ စကားစုဖြစ်ပြီး I Purple You (နောက်ဆုံးအချိန်အထိ ARMY တွေကို ချစ်သွားမယ်)လို့ အဓိပ္ပာယ်ရပါတယ်။ Violet (bora) နဲ့ I love you (saranghae) က hae ကိုယူပြီး BORAHAE ဆိုပြီး ဖြစ်လာတာပါ။

ဒါကြောင့် ဒီစကားလုံးဟာ ARMY တွေနဲ့ BTS အတွက်တော့ တန်ဖိုးထားစရာ ဖြစ်လာခဲ့တာပါ။ ဒါကို LALALEE’S က သူတို့ရဲ့ အလှကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး BORAHAE ကို Copyright လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းကိုကြားပြီးနောက် ARMY တွေက ဒေါသထွက်ခဲ့ပြီး Copyright လျှောက်ထားမှုကို ပြန်လည်ပြန်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အခုအခါ LALALEE က ARMY တွေရဲ့တောင်းဆိုမှုကို အသိအမှတ်ပြုခဲ့ကာ Copyright လျှောက်ထားမှုကို လက်လျှော့ခဲ့တာပါ။

ပြီးခဲတဲ့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှာ သူတို့ရဲ့ ကုမ္ပဏီက BORAHAE အတွက် Copyright လျှောက်ထားခဲ့ကြောင်း၊ ဒါက BTS ပရိသတ်တွေကို စိုးရိမ်စရာဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါကြောင်း၊ ကုမ္ပဏီအနေနဲ့ K-pop ရဲ့ တိုးတက်မှုအတွက် Copyright လျှောက်ထားမှုကို လက်လျှော့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ကိုရီးယားလူမျိုးအနေနဲ့ BTS အနေနဲ့ အနာဂတ်မှာလည်း ကံကောင်းမှုတွေ ပိုင်ဆိုင်ပြီး ကမ္ဘာ့အနှံ့ထိုးဖောက်နိုင်ဖို့ မိမိတို့ ဆန္ဒရှိကြောင်း LALALEE ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

-Ref:Koreaboo

You cannot copy content of this page